အမျိုးသားရေးလှုပ်ရှားမှုနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ အခန်းကဏ္ဍတစေ့တစောင်း
ထုတ်ဝေသူ၏ အမှာစာ
လက်ရှိ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အနှစ် (၆ဝ) ကျော် ပြည် တွင်းစစ်ကို ချုပ်ငြိမ်း၍ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းများကို စတင် အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေး အတွက် "တိုင်းရင်းသားလူမျိုးရေးရာ သုတေသနအဖွဲ့" ကို ဖွဲ့စည်းထူထောင်ခြင်း ဖြစ် ပါသည်။
ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းများကို ဖော်ဆောင်နိုင်ရေးအတွက် ပထမလိုအပ်ချက်မှာ အနှစ် (၆ဝ) ကျော် ပြည်တွင်းစစ် စတင်ဖြစ်ပွားစေခဲ့သော နိုင်ငံရေးပြဿနာများကို ဖြေရှင်းရေးပင် ဖြစ်သည်။ ထို ပြဿ နာ၏ အရင်းအမြစ်သည် ဒီမိုကရေစီဆိတ်သုဉ်းခြင်းနှင့် စစ်မှန်သော ဖက်ဒရယ်ပြည် ထောင်စုစနစ်ကို မထူထောင်နိုင်ခြင်းကြောင့် ဖြစ်သည်ထို့ကြောင့် ဗိုလ်ချုပ်အောင် ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများက ပင်လုံညီလာခံတွင် မျှော်မှန်းခဲ့သည့် စစ်မှန်သော ပြည်ထောင်စုတည်ဆောက်ရေးနှင့် ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကား ရေးကို တနည်းတလမ်းဖြင့် အထောက်အကူပြုနိုင်ရေးအတွက် "တိုင်းရင်းသားလူမျိုး ရေးရာသုတေသနအဖွဲ့" က အောက်ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ရည်ရွယ်ထားပါသည်။
(၁) ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် အထောက် အကူပြု လုပ်ငန်းများကို ဆောင်ရွက်ရန်။
(၂) ဒီမိုကရေစီလူ့အခွင့်အရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ် ထွန်းကား ရေးနှင့် လက်ခံကျင့်သုံးရေးအတွက် အထောက်အကူပြုလုပ်ငန်းများကို ဆောင် ရွက်ရန်။
(၃) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနက်အဓိပ္ပာယ်နှင့် အနှစ်သာရများကို ပြည်သူလူထုတရပ်လုံး နားလည်သဘောပေါက်ပြီးတရားဥပဒေစိုးမိုးရေးနှင့်ဒီမိုကရေစီ ကျင့်စဉ်တရားများ ထွန်းကားရေးအတွက်အထောက်အကူပြုလုပ်ငန်း များကို ဆောင်ရွက်ရန်။
(၄) နှစ်ပေါင်း (၆၀) ကျော် ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ချုပ်ငြိမ်းနိုင်ရေးအတွက် အဓိက လိုအပ်ချက်မှာ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရရှိနိုင်ရေးအတွက် စစ်မှန်သော ဖက်ဒရယ် ပြည် ထောင်စုစနစ်ကို တည်ဆောက်ရန် ဖြစ်ပြီး၊ ထို ကိစ္စအား အထောက်အကူပြုမည့် လုပ်ငန်းများကို ဆောင်ရွက်ရန် ဟူသော အချက်များ ဖြစ်ပါသည်။
ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးများ ကို စတင်နိုင်ရေးအတွက် နှစ်ပေါင်း (၆ဝ) ကျော် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခ တွင် ပါဝင်ပတ်သက်သော တိုင်းရင်းသားလူမျိုးများနှင့် အစိုးရအကြားအချင်းချင်း အကြား အပြန်အလှန်အသိအမှတ်ပြုမှု (Recognition) လိုအပ်ပါသည်လွတ်လပ်ရေး ရသည့်အချိန်မှစ၍ယနေ့ထိတိုင်အောင် အဆက်ဆက်သော အစိုးရတို့၏တဖက်သတ် ဝါဒမှိုင်းတိုက်မှုကြောင့် တိုင်းရင်းသားလူမျိုးတို့၏ လိုလားချက်များကို ပြည်သူလူထု သိရှိနားလည်ခွင့် မရရှိခဲ့ပါ။ တချို့ သော ဗမာ (ဝါ) မြန်မာတိုင်းရင်းသားများအနေဖြင့် တိုင်းရင်းသားလူမျိုးများက မည်သည့် အကြောင်းတရားကြောင့် လက်နက်ကိုင်တော် လှန်ရေးကို ဆင်နွှဲနေရသနည်း ဟူသော ပြဿနာအရင်းအမြစ်ကို မဆိုထားဘိတိုင်းရင်းသားဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေကြသည် ဟူသော အချက်ကိုပင် မသိကြပါ၊ သတင်းများကို ပိတ်ဆို့အမှောင်ချထားခြင်း ခံနေခဲ့ရ သည်။
ထို့ကြောင့် ပြည်တွင်းစစ် ရပ်စဲပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းများ စတင်နိုင်ရေးအတွက် အချင်းချင်းအသိအမှတ်ပြုရန် လိုအပ်ပါသည်ထိုသို့ အသိ အမှတ်ပြုရာတွင် ပြည်ထောင်စုထဲတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံပူးပေါင်းနေထိုင်ပြီး၊ ထိုတိုင်းရင်းသားလူမျိုးများသည် ဗြိတိသျှကိုလိုနီခေတ်မတိုင်မီကတည်းက လွတ်လပ် ၍ သီးခြားစီ နေထိုင်ခဲ့ကြသော သီးခြားလူမျိုးများ ဖြစ်ကြသည် ... ဟူသော အချက်ဖြင့် ပင် စတင်ရပေမည်။ တိုင်းရင်းသားလူမျိုးများသည် သီးခြားသမိုင်းကိုယ်စီ ရှိကြပြီး၊ သီးခြားဘာသာစကားများကို ပြောဆိုကြသည့်အပြင် သီးခြားယဉ်ကျေးမှုကို လက်ခံ ကျင့်သုံးနေကြသူများ ဖြစ်ကြောင်းကိုလည်း အချင်းချင်းအသိအမှတ်ပြုကြရမည် ဖြစ် သည်။ ထို့အပြင် တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေးနစ်နာချက်များကို လက်ခံအသိ အမှတ်ပြုပြီး ၎င်းတို့၏ နိုင်ငံရေးလိုလားချက်သည် ဤတိုင်းပြည်တွင် နေထိုင်ကြကုန်သော ပြည်သူလူထုတရပ်လုံးတို့၏ လိုလားချက်ဖြစ်သည် … ဟူသော အချက်ကိုပါ အသိအမှတ်ပြုနိုင်ကြဖို့ လိုအပ်ပေမည်။
ထိုသို့အချင်းချင်းအသိအမှတ်ပြုရေးတွင် ပထမဆင့်အနေဖြင့် အချင်းချင်းအကြောင်း ကို အပြန်အလှန်နားလည်းသဘောပေါက်ရန် လိုအပ်သည်ထိုသို့ နားလည်သဘော ပေါက်နိုင်ရေးအတွက် တိုင်းရင်းသားလူမျိုးများ၏ သမိုင်းဖြစ်စဉ်နှင့် နိုင်ငံရေးလိုလား ချက်များကို ရေးသားတင်ပြရန် လိုအပ်သည်။ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ၏ သမိုင်းကြောင်းတွေကို သာ မက ထို တော်လှန်ရေးကို ဦးဆောင်ခဲ့သော ခေါင်းဆောင်ကြီးတို့၏ အတ္ထုပ္ပတ္တိများ ကို ရေးသားတင်ပြနိုင်ရန်အတွက် "တိုင်းရင်းသားလူမျိုးရေးရာ သုတေသနအဖွဲ့" က ကြိုးပမ်းနေပါသည်။
တိုင်းရင်းသားလူမျိုးရေးရာသုတေသနအဖွဲ့သည် အဖွဲ့၏ ရည်ရွယ်ချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရာတွင် လတ်တလောဆောင်ရွက်နေမှုများကို အသိပေး တင်ပြချင်ပါသည်။
(၁) ဒီမိုကရေစီနှင့်ဖက်ဒရယ်ရေးရာဆိုင်ရာအသိအမြင်အတွေ့အကြုံဆွေးနွေးဖလှယ် ပွဲ (Workshop) များနှင့် သင်တန်းများ ပြုလုပ်ခြင်း(၂) လက်ရှိ နိုင်ငံရေးအခြေအနေ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းများ၏ အခြေအနေနှင့် ပတ်သက်သည့် သုံးသပ်အကဲဖြတ်ချက်စာတမ်း များကို နိုင်ငံတကာနှင့် ပြည်တွင်းပရိသတ်များအတွက် အင်္ဂလိပ်ဘာသာဖြင့် ရေး သား၍ အင်တာနက်ဝက်ဘ်ဆိုဒ် (Website) သို့တင်ခြင်း။
(၃) တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ ၏ လှုပ်ရှားမှုသမိုင်းများနှင့် ထိုလှုပ်ရှားမှုများကို ဦးဆောင်ခဲ့ကြသော ခေါင်းဆောင် ကြီးများ၏ အတ္ထုပ္ပတ္တိများကို ရေးသားထုတ်ဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါ သည်။
ယခုထုတ်ဝေလိုက်သောစာအုပ်သည် ကရင်နီအမျိုးသားများ၏ သမိုင်း၊ အမျိုးသား ရေးလှုပ်ရှားမှုနှင့် ထိုလှုပ်ရှားမှုများတွင် အဓိကအခန်းကဏ္ဍ၌ ရှိနေသော ကရင်နီအမျိုး သားတိုးတက်ရေးပါတီ၏ အကြောင်းကို ရေးသားထားခြင်းဖြစ်သည်။
သမိုင်းကို ပြန်ကြည့်လျှင် ကရင်နီပြသည် ထိုင်း (ဇင်းမယ်) ဘုရင်နှင့် မြန်ဘုရင် တို့၏ အုပ်ချုပ်မှုပိုက်နက်နယ်မြေ မဟုတ်ခဲ့ပါဇင်းမယ်ဘုရင်နှင့် မြန်မာဘုရင်တို့၏ ကျူးကျော်တိုက်ခိုက်မှုများကို ခံခဲ့သည့် သမိုင်းကို ဤစာအုပ်တွင် တွေ့ကြရမည်။ ထို့ အပြင် ကရင်နီပြည်သည် အင်္ဂလိပ်၏ ကိုလိုနီဒေသ မဟုတ်ခဲ့သလို ဗမာ (မြန်မာ) ဘုရင်၏လက်အောက်ခံနယ်မြေလည်း မဖြစ်ခဲ့ကြောင်းကိုပါ တွေ့ကြရမည် ဖြစ်သည်။ ၁၈၇၅ ခုနှစ် ဇွန်လ (၂၁) ရက်နေ့တွင် ဗြိတိသျှ-အိန္ဒိယဘုရင်ခံ၏ ကိုယ်စား၊ ဆာ ဒေါ့ ကလပ်ဖော့ဆစ်သ် (Sir Douglas Forsyth) နှင့် ဗမာဘုရင်မင်းတုန်းမင်၏ ကိုယ်စား နိုင်ငံခြားရေးဝန်၊ ကင်းဝန်မင်းကြီးတို့က ကရင်နီပြည်၏ သီးခြားလွတ်လပ်ရေးအတွက် အသိအမှတ်ပြု စာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ ဤ စာချုပ်အရ ကရင်နီပြည်နယ်ကို မည်သူ တဦးတယောက်ကမျှ စီမံခန့်ခွဲ၊ စိုးမိုးချယ်လှယ်ခြင်း မပြုရဘဲ သီးသန့်ဖြစ်၍ လွတ်လပ်သော (Independent) အခွင့်အရေးကိုပါ ပိုင်ဆိုင်ထားခဲ့သည့်အကြောင်း ကိုပါ အထောက်အထားများဖြင့် တင်ပြထားသည် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းခေတ်တလျှောက်လုံးတွင် ကရင်နီအမျိုးသားများက ခုခံတော်လှန်ရေးစစ်ပွဲကို ဆင်နွှဲရသည့်အကြောင်း၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ ပေါ်ပေါက်လာရသည့်အကြောင်းနှင့် မျက်မှောက်ခေတ် ကာလအထိ ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းများကို ဤ စာအုပ်ရေးသားပြုစုသူ ခူဦးရယ်က တင်ပြထားသည် ညီညွတ်ရေးအတွက်ဆိုလျှင် အပြန်အလှန် နားလည်မှုရှိမှ ဖြစ်မည်။ အပြန်အလှန် နားလည်နိုင်ပါမှလည်း ရင်းနှီးမှု ပိုမိုရရှိလာနိုင်မည် ဖြစ်ပြီး ညီညွတ်ရေးမှ ငြိမ်းချမ်းရေး သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။ အပြန်အလှန်နားလည်နိုင်ရေး၊ ချစ်ကြည်ရင်းနှီးရေး၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် ဤစာအုပ်က ကောင်းကောင်းကြီး အထောက် အကူပြုစေနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်
တိုင်းရင်းသားလူမျိုးရေးရာ သုတေသနအဖွဲ့ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ (၄) ရက် ရန်ကုန်မြို့။
စာရေးသူ၏ အမှာ
ကရင်နီအမျိုးသားတိုးတက်ရေးပါတီသည် ကာလစဉ်ဆက် တသီးတခြား တည်ရှိ လာခဲ့သည့် ကရင်နီပြည်မှ ၁၉၄၈ ခုနှစ် ဗမာပြည်လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ဗမာ ပြည်၏ ဖိနှိပ်အနိုင်ကျင့်သော အစိုးရအဆက်ဆက်ကို ခုခံတော်လှန်တိုက်ပွဲဝင်ရာတွင် နိုင်ငံရေးအရ ဦးဆောင်မှုပေးနိုင်ရန်အတွက် အစောဆုံးဖွဲ့စည်းခဲ့သည့် ဦးဆောင် နိုင်ငံရေးပါတီတရပ် ဖြစ်သည်စာရေးသူအနေဖြင့် (၃၅) နှစ်တိုင် ကိုယ်တိုင်ပါဝင် လှုပ်ရှားလာခဲ့ရာမှ လက်လှမ်းမီသမျှသော လေ့လာသိရှိရသည့် အချက်အလက်များ အပြင် ပြုစုရေးသားထားသော စာအုပ်၊ စာတမ်းမှတ်တမ်းပြု စုထားချက်များ၊ ခုခံ တော်လှန်ရေးကာလအတွင်း နှစ်အတန်ကြာ ပါဝင်ဦးဆောင်ခဲ့သည့် ခေါင်းဆောင်အချို့ တို့၏ ပြန်လည်ပြောပြချက်များကို ရှာဖွေသိုမှီးမှတ်တမ်း ယူခဲ့ပါသည်၎င်းတို့ကို အကျဉ်းရုံးကာ အများပြည်သူများ လေ့လာသိရှိခွင့်ရရှိနိုင်ရန် ရည်သန်ပြီး ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ၏ အဓိကနိုင်ငံရေးနှင့် စစ်ရေး ဦးဆောင်မှုပေးနေသည့် အခန်းကဏ္ဍများကိုသာ ထုတ်နှုတ်ဖော်ပြရန် ဆုံးဖြတ်ခဲ့ပါသည် စာရေးသူအနေဖြင့် ရိုးသားစွာ ဝန်ခံလိုသည်မှာ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ၏ အသေးစိတ်ကျသော နိုင်ငံရေးနှင့် စစ်ရေးလုပ်ငန်းစဉ်ဆောင်ရွက်မှုများကို ဖော်ပြသွားမည်မဟုတ်သည့်အပြင် လူပုဂ္ဂိုလ်၊ လူမျိုးရေးနှင့် အုပ်စုဂိုဏ်းဂဏအပေါ် အခြေခံပြီး ဖြစ်ပေါ်ခဲ့သော အခြင်းအရာနှင့် အကြောင်းအချက်များကိုပါ တတ်နိုင် သရွေ့ ရှောင်ရှားသွားရန်လည်း ဆုံးဖြတ်ထားပါသည်။ နိုင်ငံရေးအရ တည်ငြိမ်အေး ချမ်းမှု မရှိဘဲ နိုင်ငံရေးနှင့် စစ်ရေးပါ ဒွန်တွဲပြီး ပဋိပက္ခဖြစ်ပေါ်နေသော ကာလများတွင် လူပုဂ္ဂိုလ်၊ အုပ်စုအဖွဲ့အစည်းများသည် တတ်နိုင်သမျှ ကောင်းနိုးရာရာကို မျှော်ကိုးပြီး လုပ်ငန်းများကို ချမှတ်လုပ်ဆောင်ရန် သံန္နိဋ္ဌာန်ချထား ကြသည့်တိုင် မမျှော်လင့်သော ဆိုးကျိုးနှင့် ဖြစ်ပျက်မှုများကို မလွဲမသွေရင်ဆိုင် ကျော်လွှားကြရသည်ချည်းပင် ဖြစ် သည်။ သို့ဖြစ်၍ ကရင်နီအမျိုးသားတိုးတက်ရေးပါတီအနေဖြင့် အလားတူပင် ကြမ်း တမ်းခက်ထန်သော ခုခံတော်လှန်ရေး ခရီးကြမ်းတွင် အဆိုပါ အထစ်အငေါ့များကို ဖြတ်ကျော်ရင်ဆိုင်ရသည်မှာ ဓမ္မတာပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ အဆိုးထဲမှ အကောင်းကို ထုတ်နှုတ်ပြီး သိသင့်သိထိုက် သော ဖြစ်စဉ်များကို စုံနိုင်သမျှ စုံစေ့နိုင်ရန်အတွက် သမိုင်းဝင်စာရွက် စာတမ်းများ၊ မှတ်တမ်းများစာအုပ်စာပေများအပြင် လူတွေ့မေးမြန်းမှုများကို အခြေခံပြီး မှီငြမ်း ကိုးကားခြင်းမှတ်တမ်းတင်ခြင်းများ ပြုလုပ်ထားသည့်တိုင် ပြီးပြည့်စုံသော ပြုစုရေး သားချက်တခု မဖြစ်နိုင်ကြောင်းမှာ သေချာပါသည်ရရှိထားသည့် မှတ်တမ်းများနှင့် ဖြစ်စဉ်များကိုသာ ရှာဖွေမှတ်တမ်းတင် ရေးသားခြင်းဖြစ်ပြီး လိမ်လည်လုပ်ကြံရေးသား ချက်များ မပါဝင် အောင် ရှောင်ရှားသည်ဆိုသော်ငြားလည်း မှားယွင်းချွတ်ချော်မှုများ ပါနေဦးမည်ဆိုပါက စာရေးသူအား အပြုသဘောဆောင်သည့် ဝေဖန်မှုများဖြင့် ထောက်ပြသွားကြပါရန် တင်ကြို၍ မေတ္တာရပ်ခံအပ်ပါသည်။
ကရင်နီလူငယ်အများအပြားက ကရင်နီသမိုင်းဖြစ်စဉ်များကို အထူးစိတ်ဝင်တစား လေ့လာလိုကြသည်ကို သိရှိရပါသော်လည်း ကရင်နီသမိုင်းဖြစ်စဉ်တလျှောက်လုံးကို ပြန်လည်စုစည်းရေးသားနိုင်ခြင်းကို ယနေ့တိုင် မည်သူမျှ မပြုလုပ်နိုင်သေးသည်ကို တွေ့ရပါသည်။ အသိပေးလိုသည်မှာ ဤစာတမ်းသည် ကရင်နီသမိုင်းဖြစ်စဉ်များကို အဓိကထားရေးသားပြုစုခြင်း မဟုတ်ဘဲ အစိတ်အပိုင်းအချို့ မျှသာ ပါဝင်မည်ဖြစ်ပါ သည်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ အမျိုးသားရေးလှုပ်ရှားမှုကာလအတွင်း လက်လှမ်းမှီသမျှကို ပြန်လည်စုစည်းရင်း အမျိုးသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများ၊ ပံ့ပိုးထောက်ခံသူများအပြင် နောင်လာ နောက်သားများအားလုံးအနေဖြင့် သမိုင်း အပြည့်အစုံ မဟုတ်သည့်တိုင် တစွန်းတစ လေ့လာသိရှိခွင့် ရရှိရန် ရည်ရွယ်ပါသည်။ ထို့အပြင် အားနည်းချက်အားသာချက်များကိုထုတ်နုတ်ကာ အနာဂတ်သမိုင်းအတွက် သင်ခန်းစာအဖြစ် မှတ်သားနိုင်ရန် တဘက်တလမ်းမှ အနည်းနှင့်အများ အထောက် အကူဖြစ်စေလိမ့်မည်ဟု မျှော်လင့်ပါသည်ထို့အပြင် အနာဂတ်တွင် ကရင်နီသမိုင်းကို နောင်လာနောက်သားများ လေ့လာဖတ်ရှုနိုင်ရေးအတွက် ပြုစုရေးသားနိုင်ရန် စိတ်ကူး ရည်သန် မျှော်လင့်ထားပါကြောင်း အသိပေးလိုပါသည်။
ထို့အပြင် ဤ စာအုပ်ထုတ် ဝေနိုင်ရေးအတွက် အဘက်ဘက်မှ အကူအညီပေးခဲ့ သော "တိုင်းရင်းသားလူမျိုးရေးရာ သုတေသနအဖွဲ့" ကိုလည်း ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ခူဦးရယ်
၂ဝ၁၃ ခုနှစ် အောက်တိုဘာလ (၃၀) ရက်
အခန်း (၁)
ကရင်နီလူပျိုးများ၏ နောက်ခံသပိုင်းအကျဉ်း
ကယားလီ ခေါ် ကရင်နီလူမျိုးမှာ ကရင်အနွယ်ဝင်မျိုးနွယ်စုတစုဖြစ်ပြီး လွန်ခဲ့သည့် ဘီစီ (၄၀၀၀) မှစ၍ အခြား ကရင်အနွယ်ဝင်မျိုးနွယ်စုများနှင့်အတူ အာရှတိုက် အလယ်ပိုင်း၊ ဂိုဘီသဲကန္တာရမှတဆင့် ရေကြည်ရာ မြက်နုရာရှာဖွေရင်း မွန်ဂိုလီးယား ဒေသသို့ ရောက်ရှိခဲ့ကြသည်မွန်ဂိုလီးယားတွင် နှစ်ပေါင်း ၂ဝဝဝ ခန့်လှည့်လည်နေ ထိုင်ခဲ့သည်ဟု သမိုင်းဆရာအချို့ က ခန့်မှန်းကြသော်လည်း ခိုင်မာသည့် အထောက် အထားများ မရရှိနိုင်ပါ။ မွန်ဂိုလီးယားတွင် အခြေချနေထိုင်ကြသည့် များပြားလှသော လူမျိုးနွယ်စုများအကြား အချင်းချင်းတိုက်ခိုက် လုယက်မှုများကြောင့် မွန်ဂိုလီးယား ဒေသမှ ခရစ်တော်မပေါ်မီဘီစီ (၂၀၁၀) တွင် စတင်ထွက်ခွာလာကြပြီး အရှေ့ ပါကစ္စတန်သို့ ဘီစီ (၂၀၁၃) တွင် ရောက်ရှိလာကာ နှစ်ပေါင်း (၃၇၆) ကြာနေထိုင်ခဲ့ သည်။ တဖန် အရှေ့ပါကစ္စတန်မှ ဘီစီ (၁၈၆၆) တွင် ထပ်မံထွက်ခွာလာခဲ့ရာ တိဘက် သို့ ဘီစီ (၁၈၆၄) တွင် ရောက်ရှိ ပြီး နှစ်ပေါင်း (၄၇၆) ကြာနေထိုင်ခဲ့ပြန်သည်ထို့ နောက် ဘီစီ (၁၃၈၈) တွင် တရုတ်ပြည်၊ ယူနန်ဒေသသို့ ရောက်ရှိပြီး နှစ်ပေါင်း (၂၀) မျှနေထိုင်ခဲ့သည်။ တရုတ်ပြည်၌ ကော်စင်ဘုရင် အုပ်စိုးခဲ့သည့် ဘီစီ (၁၁၃၄) မှ ဘီစီ (၁၁၂၂) ကာလများအတွင်း မတရားဖိနှိပ်အုပ်ချုပ်ခြင်းအပြင် လူမျိုးကြီးများနှင့် မျိုးနွယ်စုများအကြား အချင်းချင်းလုယက်တိုက်ခိုက် အနိုင်အထက်ပြုကျင့်မှုများ ကြောင့် အခြားသော ကရင်အနွယ်ဝင်အုပ်စုများနှင့်အတူ အရှေ့တောင်အာရှသို့ ဘီစီ (၁၁၂၈) တွင် ရောက်ရှိလာခဲ့သည်။ အဆုံး၌ ဧရာဝတီမြစ်အထက်ပိုင်းတွင် အခြေချ နေထိုင်ခဲ့ကြပြီး တောင်ဘက်သို့ ဘီစီ (၇၄၁) တွင် ဆက်လက်ရွှေ့ ပြောင်းလာရင်း ယခုနေထိုင်ရာ “ဒီမောဆိုကေ့” ခေါ် “ကရင်နီပြည်” သို့ ဘီစီ (၇၃၉) ခန့်တွင် ရောက်ရှိ ကာ တိုင်းပြည်ထူထောင်ခဲ့ကြသည်။
ဆင်းသက်လာရာ လမ်းကြောင်းပြမြေပုံ
Migrated South about B.C. 2615 and arrive Yunan about B.C. 1385
ကရင်နီတို့ အနေဖြင့် တောင်ပိုင်းသို့ စုန်ဆင်းလာရာတွင် အစ်ကိုကြီးတရုတ်အုပ်စု နှင့် ညီထွေးကရင်နီအုပ်စုဟူ၍ နှစ်စုဆင်းလာရာမှ စုန်ဆင်းလာခဲ့ရာ မြစ်တလျှောက် တွင် ဂဏန်းပုဇွန်များကို ဖမ်းဆီးစားသောက်ရင်းက အစ်ကိုကြီး တရုတ်အုပ်စုနှင့် ကွဲကွာသွားသည်ဟု ဆိုစမှတ်ပြုကြသည်။ အစ်ကိုကြီး တရုတ်အုပ်စုမှ ညီထွေးကရင်နီ အုပ်စုနှင့် မကွဲကွာခင် “ပေစာ” ကို အမွေအဖြစ် ပေးခဲ့ဟန်ရှိသည်ဟု ၁၈၆၉ ခုနှစ်တွင် ကြယ်ဖိုးကြီးသို့ အလည် ရောက်ရှိလာသော သာသနာပြုသိက္ခာရဆရာတော် J.B Vinton က စောဖျာအကြီးအကဲမှ သူ့အား ပြသခဲ့သည်ဆိုသော “ပေစာ” ကို အကိုး အကားအဖြစ် အထောက်အထားပြပြီး မှတ်ချက်ပြုခဲ့သည်။ ကရင်နီတို့ကမူ အဆိုပါ ပေစာကို လီရှေးအီဗဲ (ကြက်ယက်စာ) ဟု ခေါ်စမှတ်ပြုကြသည်။ သို့သော် အဆိုပါ ပေစာ၏စာသားကိုမည်ကဲ့သို့ အသံထွက်ပြီး မည်ကဲ့သို့အဓိပ္ပာယ်ပေါက်သည်ဆိုသည် ကို သိရှိနိုင်သောသူ ဟူ၍ ကရင်နီ လူမျိုးများအကြား ရှာမတွေ့သေးပေဒေါက်တာ ခရော့ခ်၏ အဆိုအရ အဆိုပါ ပေစာ၏ အရွယ်အစားမှာ အလျား (၆.၀၁) လက်မ၊ အနံ (၂.ဝ၅) လက်မနှင့် အထူမှာ (ဝ.၁ဝ) လက်မရှိသည်ဟု ဆိုပါသည်။
ကရင်နီလူမျိုးတို့သည် ဒီမောဆိုကေ ခေါ် ကရင်နီပြည်ကို တည်ထောင်ခဲ့ကြပြီး နောက်များမကြာမီအချိန်တွင် မြောက်အရပ်မှ ယွန်းတို့၏ ဝင်ရောက်ကျူးကျော် တိုက် ခိုက်မှုကို အကြိမ်ကြိမ်ခံခဲ့ရသည်။ ယွန်းတို့၏ ဝင်ရောက်တိုက်ခိုက်မှုကို တွန်းလှန် နိုင်ရန်အတွက် စွမ်းရည်သတ္တိနှင့် ပြည့်စုံသော သွားတူးဖဲဆိုသူ အမျိုးသားတဦးကို ကညားမော် (ဗမာ အခေါ် ဒွေးမယ်နော်) နတ်မင်းသမီး ခုနစ်ဖော်တို့မှ ဒါးစကြာ တလက်ကို အပ်နှင်းခဲ့သည်ဟု ဆိုပါသည်အဆိုပါ ဒါးစာဖြင့်ပင် သွားတူးဖဲက ကရင်နီတို့ကို ဦးဆောင်ပြီး ယွန်းတပ်ဖွဲ့များအား တွန်းလှန်တိုက်ထုတ်နိုင်ခဲ့သည် သို့သော် တနေ့သောအခါ သျှားတူးဖဲ၏ လူယုံတော်တဦးကို ယွန်းတပ်ဖွဲ့များက လက်ရ ဖမ်းဆီးမိပြီး ၎င်းအား ညှဉ်းပန်းနှိပ်စက်ရင်း သွားတူးဖဲ၏ ဒါးစကြာလျှို့ဝှက်ချက်ကို မေးမြန်းခဲ့သည်။ နှိပ်စက်မှုဒဏ်ကို မခံမရပ်နိုင်သည့်အဆုံး ဒါးစာ၏လျှို့ဝှက်ချက်ကို အဆိုပါ လူယုံတော်မှ ထုတ်ဖော်ပြောဆိုခဲ့သဖြင့် ယွန်းတို့သည် လျှို့ဝှက်ချက်အတိုင်း C လိုက်လံလုပ်ဆောင်ရင်း ကရင်နီတို့ကို တဖန်ထပ်မံတိုက်ခိုက်ရာတွင် သျှားတူးဖဲ နေထိုင်ရာ နန်းတွင်းအထိ ရောက်ရှိခဲ့သဖြင့် သျှားတူးဖဲက တိရိစ္ဆာန်အသွင်သို့ ကိုယ် ရောင်ပြောင်းသည့်တိုင် အဆုံး၌ ယွန်းတို့၏ လက်ရဖမ်းဆီးမှုကို ခံခဲ့ရသည်။ ထို့နောက် ကရင်နီတို့မှာ ယွန်းတို့၏ သိမ်းပိုက်ကျွန်ပြုအုပ်ချုပ်မှုအောက်သို့ နှစ်အတန် ကြာအောင် ကျရောက်ခဲ့ရသည်။ ကညားမော် (ဒွေးမယ်နော်) နတ်သမီးညီအစ်မ ခုနစ်ဖော်တို့မှာ လည်း တောင်တန်းတောင်ထိပ်များဆီသို့ တက်ရောက်ကွယ်ပျောက် သွားကြဟန်ရှိ သည်ဟု ကရင်နီတို့က အယူရှိခဲ့ကြသည်။ ကရင်နီပြည်နှင့် ပြည်သူများကို ကညားမော် နတ်သမီးခုနစ်ဖော်တို့က ကာကွယ်စောင့်ရှောက်လေ့ ရှိသည်ဟု ကရင်နီလူမျိုးတို့က ယုံကြည်ခဲ့ကြသည်။ သို့ဖြင့် ထင်ရှားကျော်ကြားသည့် တောင်ကြီးများထိပ်တွင် ကရင်နီ လူမျိုးတို့သည် နှစ်စဉ်တောင်တက်ပွဲပြုလုပ်ကာ ပူဇော်ပသမှုများကို ပြုလုပ်ကြဖွယ်ရာ ရှိသည်။
ကရင်နီအမျိုးသားတို့သည် စည်းလုံးညီညွတ်စွာဖြင့် အဆုံး၌ ယွန်းတို့ကို ပြန်လည် မောင်းထုတ်အောင်နိုင်ခဲ့ပြီး နောက်ပိုင်း မိမိတို့၏ မူလတိုင်းပြည်ကို လွတ်လပ်စွာ ပြန် လည်စီရင် အုပ်ချုပ်နိုင်ခဲ့ကြသည်။ နောင်တွင် ကရင်နီပြည်သည် နယ် (၅) နယ်အဖြစ် သို့ ခွဲထွက်သွားခဲ့သည့်တိုင် တပြည်လုံးအရေးအရာကိစ္စများတွင်မူ နယ်အားလုံးတို့က စုပေါင်းဆောင်ရွက်လေ့ရှိခဲ့ကြသည်အဆိုပါ နယ် (၅) နယ်မှာ ဘောလခဲ (တဘော တခဲ) နယ်ကြယ်ဖိုးကြီး (ကေးလျား) နယ်နောင်ပုလဲ (နို့ပလာ) နယ်နန်းမယ်ခုံ (နာမခ) နယ်နှင့် ကန္ဒာရဝတီ (တကွော့) နယ်တို့ ဖြစ်သည်။ နောင်ပုလဲနယ်နှင့် နန်းမယ်ခုံနယ်တို့တွင် စီရင်အုပ်ချုပ်ခဲ့သည့် စောဖျာမင်းဆက်များ အဆက်ပြတ်သွား သဖြင့် ဘောလခဲနယ်နှင့် ဆက်စပ်သွားခဲ့သည်ဤသို့ နယ်ပယ်အသီးသီးအဖြစ် ခွဲထွက်ခြင်းမဖြစ်မီကာလများတွင် ထိုအရပ်သည် ကညားမော် ခေါ် ဒွေးမယ်နော် နတ်သမီးညီအစ်မခုနစ်ဖော်တို့ စိုးစံပျော်မွေ့ရာဒေသအဖြစ် သမိုင်းတွင် ထင်ပေါ်ကျော် ကြားခဲ့သည်Sir George Scott ၏ မှတ်တမ်းအရ ဘောလခဲနယ်အား အုပ်ချုပ်ခဲ့သည့် ပဉ္စမမြောက်မင်း ဖြစ်သော ဖိုးဖျား (မြန်မာ အခေါ် ဖိုးဖြူလှ) လက်ထက်တွင် ယင်းသို့ နယ်ပယ်အသီးသီးအဖြစ်သို့ ခွဲထွက်သွားခဲ့ဟန်ရှိသည်ဟု ဆိုပါသည်။
အနောက်ကရင်နီနှင့် အရှေ့ကရင်နီ ပေါ်ပေါက်လာခြင်း
အဆိုပါ စောဖျာဖိုးများ (ဖိုးဖြူလှ) လက်ထက်တွင် တလိုင်းမင်းသွေး ပါသည် ဟု ယူဆရသော “မောင်ပုန်” အမည်ရှိသူသည် တိုင်းပြည်မအေးချမ်းသဖြင့် ဘောလခဲ အရပ်သို့ ရောက်ရှိအခြေချနေထိုင်ခဲ့သည်။ နောင်တွင် တိုင်းရေးပြည်မှု ကိစ္စရပ်များ၌ ဝင်ရောက်လွှမ်းမိုးလာသဖြင့် တိုင်းပြည်တပြည်တွင် မင်းနှစ်ပါးအတူ မစိုးစံသင့်ဟု စောဖျာဖိုးဗျားမှ အယူရှိသည့်အလျောက် မောင်ပုန်အား အရှေ့စူးစူးအရပ်သို့ ထွက်ခွာ စေပြီး နယ်ပယ်သစ်ကို ရှာဖွေစေသည်။ မောင်ပုန်သည် စောဖျာဖိုးများ အမိန့်ရှိသည့် အတိုင်း အရှေ့စူးစူးသို့ ထွက်ခွာရင်း ပွန်ချောင်းမြစ်အရှေ့ခြမ်းသို့ အရောက် တနေရာ တွင် တညတာ အိပ်စက်အနား ယူခဲ့သည်။ ထို့နောက် မနက်မိုးလင်းသည့်အခါ အနီး ပတ်ဝန်းကျင်အရပ်ဒေသသို့ လှည့်လည်စူးစမ်းရင်း ရပ်ရွာလေးငါးဆယ်ခန့်ကို ရှာဖွေ တွေ့ရှိခဲ့သည်ထိုရပ်ရွာအတွင်းရှိ လူသူများကို စုစည်းကာ ဘို့ဖိုးဒေါ (ရှမ်းအခေါ် စဝ်လုံ) အမည်ရှိသော မြို့ကို တည်ထောင်ကာ တိုင်းပြည်ထူထောင်အုပ်စိုးတော်မူ လေသည်။ မောင်ပုန်သည် ကရင်နီတို့၏ ထုံးတမ်းစဉ်လာကို သက်ဝင်ယုံကြည်ခဲ့သည့် အတိုင်း ကရင်နီလူမျိုးတို့၏ ဝတ်စားဆင်ယင်မှုကို အကြွင်းမဲ့ယုံကြည်လက်ခံကျင့် ကြံကာ “ဘို့ဖိုးဒူ” ဟူသော အမည်ဘွဲ့ကိုလည်း ဆက်ခံလေသည်သို့ဖြင့် နောင်တွင် ကရင်နီပြည်သည် “အရှေ့ကရင်နီ” နှင့် “အနောက်ကရင်နီဟူ၍ နယ်နှစ်နယ်အဖြစ် ပေါ်ထွက်လာသည်အရှေ့ ကရင်နီသည် များမကြာမီ “ကန္တာရဝတီနယ်” ဟု အမည် တွင်လာခဲ့ပြီး အနောက်ကရင်နီပြည်တွင်မူ “ဘောလခဲနယ်” (နောင်ပုလဲနှင့် နန်းမယ်ခုံ အပါအဝင်) နှင့် "ကြယ်ဖိုးကြီးနယ်” တို့ပါဝင်လေသည်။
အရှေ့ကရင်နီနှင့် ဇင်းပယ်တိုင်းပြည် ချစ်ကြည်ရေးတည်ဆောက်ခြင်း
၁၇၈၀ ခုနှစ်ဝန်းကျင်က ရှိခဲ့သော ဇင်းမယ်တိုင်းပြည်၏ အခြေအနေမှာ ကုန်းဘောင် စစ်ကြောင့် ဗမာဘုရင်၏ အကြိမ်ကြိမ်ကျူးကျော်တိုက်ခိုက် သိမ်းပိုက်မှုကြောင့် မြို့ရွာ များမှာ တောကြီးများအဖြစ်သို့လည်းကောင်း၊ စပါးစိုက်ခင်း လယ်ယာမြေများမှာ ဆင် များကျက်စားရာ မြက်ခင်းများအဖြစ်သို့လည်းကောင်းသစ်တောများမှာ ကျားများ ခိုအောင်းရာ နယ်မြေအဖြစ်သို့ လည်းကောင်း ဆိုက်ရောက်နေချိန်တွင် တိုင်းပြည် တခုအဖြစ် ပြန်လည်ဆောက်တည်ရန် လူသူများကို ရှာဖွေစုစည်းရန်ပင် ဖြစ်နိုင်ခြေ မရှိသော အခြေအနေဖြစ်ခဲ့သည်။ ဇင်းမယ်မြေပြန့်အား ဗမာဘုရင်မှ ထပ်မံသိမ်းပိုက် ရန် ပြင်ဆင်သည့် ၁၇၈၇ ခုနှစ်တွင် ဇင်းမယ်တိုင်းပြည် (Chiang Mai Kingdom/ Siamese) ကို ဗမာဘုရင်သိမ်းပိုက်ခြင်းမှ ကာကွယ်ရန်နှင့် ပြန်လည်ထူထောင်ရန် မင်းသားကာဝိလအား တာဝန်အပ်နှင်းခံရသည်။ မင်းသားကာဝိလလည်း ဇင်းမယ် တိုင်းပြည်အား ပြန်လည်ထူထောင်နိုင်ရေး အတွက် ကြိုးပမ်းရာတွင် အနီးပတ်ဝန်းကျင် အရပ်ဒေသများရှိ ပြည်သူများကို လိုက်လံစည်းရုံး စုစည်းသိမ်းသွင်းကာ မြို့ရွာကို ပြန်လည်တည်ဆောက်နိုင်ရန် ကြိုးပမ်းသည်။ ထိုသို့ အားထုတ်ရာတွင် ဇင်းမယ်အရပ် နှင့် နယ်ချင်းထိစပ်ယှယ်နွယ်နေသော နယ်စွန်နယ်ဖျား အရပ်ဒေသများကိုလည်း လှည့်လည်ရင်း ကျွန်းသစ်များဖြင့် ဖုံးလွှမ်းနေသည့် သံလွင်မြစ်အရှေ့ တကျောရှိ မယ် ဟောင်ဆွန် တောင်တန်းတလျှောက်တွင် ကျင်လည်ကျက်စားလျက်ရှိပြီး ထိုင်းများကို တိုက်ခိုက်နေသော ကရင်နီလူမျိုးများကို တွေ့ရှိခဲ့သည်။ ကရင်နီနှင့် ထိုင်းတို့၏ နယ်နိမိတ်မှာ မည်သူက အားသာလွန်ပြီး ကြီးစိုးနိုင်သည်ဟူသည့် အပေါ်တွင်သာ မူတည်ပြီး သတ်သတ်မှတ်မှတ် မရှိခဲ့ပေ။ သို့ဖြင့် မင်းသားကာဝီလအတွက် ကရင်နီ တို့၏ လွှမ်းမိုးတိုက်ခိုက်မှုသည် ကရင်နီတို့နှင့် သင့်မြတ်အောင် ပေါင်းသင်းဆက်ဆံ ရေးတွင် အပေးအယူလုပ်ရန်အတွက် အကြောင်းတရား ဖြစ်လာခဲ့သည်ထိုသို့ ကရင်နီလူမျိုးများနှင့် သင့်မြတ်အောင် နေထိုင်မှသာ ဗမာဘုရင်တပ်တို့၏ ထပ်မံတိုက် ခိုက်လာမည့်ရန်ကို ကရင်နီနယ်အား ကြားခံနယ်တခုအနေဖြင့် အကာအကွယ်ရယူ နိုင်သည် ဟုပါ သိမြင်လာသည်။
ဤသို့ ကရင်နီလူမျိုးတို့က မြောက်ပိုင်းထိုင်းတို့အား စစ်ပြုနေမှုမှာ အနည်းဆုံး ၁၆၉ဝ ခုနှစ်ဝန်းကျင်ခန့်က ဖြစ်ရှိခဲ့ပြီး ကရင်နီနှင့် ဇင်းမယ် (မြောက်ပိုင်း-ထိုင်း) တို့၏ နယ်နိမိတ်မျဉ်းမှာ အတိအကျ ပိုင်းခြားထားခြင်းရှိခဲ့ကြောင်းကို မည်သည့် မှတ်တမ်း တွင်မျှ မတွေ့ရှိရအထူးသဖြင့် ဇင်းမယ် (မြောက်ပိုင်း-ထိုင်း) တို့နှင့် ဖြစ်ပွားလေ့ ရှိသော တိုက်ခိုက်မှုများတွင် ကရင်နီတိုင်းပြည်မှ အကြီးအကဲတို့၏ တိုက်ရိုက်ပါဝင် စီမံအုပ်ချုပ်နေမှုမျိုး မဟုတ်ဘဲ အကြီးအကဲမျိုးရိုးစဉ်ဆက် အရိုက်အရာ ဆက်ခံသူ မရှိသည့် အချိန်မျိုးတွင် လူအုပ်စုအလိုက် အကြီးအကဲပြုနေသူတို့မှ ကြီးစိုးချယ်လှယ် တိုက်ခိုက်နေမှုများ ဖြစ်လေ့ဖြစ်ထရှိခဲ့သည်။ ၁၈ဝဝ ခုနှစ် အလယ်ကာလကုန်းဘောင် စစ်ပွဲများ ပြီးဆုံးသွားသည့် နောက်ပိုင်းတွင် ကရင်နီတို့သည် ဗမာဘုရင်တို့၏ တိုက် ခိုက်ရန်လိုမှုမှကင်းလွတ်ခဲ့ကာ သံလွင်မြစ်အထက်ပိုင်းရှိကရင်နီတို့မှာ မင်းသားကာလ အတွက် အစဉ်သဖြင့် ထိတွေ့အဆက်အဆံပြုရာတွင် အဓိကအင်အားစု ဖြစ်လာခဲ့ သည်။
ဇင်းမယ်နှင့် အရှေ့ကရင်နီတို့ ပြုခဲ့သော သစ္စာထဲက ကျောက်မိုးဂူ၊
(အချို့ကလည်း ဆင်ဖြူဂူဟုလည်း ခေါ်ဆိုကြသည်)
သို့ဖြင့် မင်းသားကာဝိလသည် ၁၇၈၃ ခုနှစ်တွင် ဖရာ့စမ်လန်ဦးစီးသည့် လူသုံးဆယ် ပါ ကိုယ်စားလှယ်အဖွဲ့တဖွဲ့အား ကရင်နီလူမျိုးတို့နှင့် ရင်းနှီးကျွမ်းဝင်ရန်အတွက် ငွေထည်များနှင့်အတူ နယ်စပ်သို့စတင်စေလွှတ်ပြီး ဆက်ဆံရေး တည်ဆောက်စေခဲ့သည်။ ထိုနောက် မင်းသားကာဝိလမှ ၎င်း၏သားတော် ချော့ဥပရာကမ်မလဲန်ခါအား ပိုးထည်လက်ဝတ်ရတနာ၊ ကြွေထည်ပစ္စည်းများကို စီမံလျက် မဟာမိတ်ဖွဲ့ရန်အလို့ငှာ အရှေ့ ကရင်နီ စောဖျာစောလဖော် (ယိုးဒယား အခေါ် ကျော့ဖာ့နဲ့) ထံ တပ်တော်အခြွေအရံ များနှင့်အတူ ထပ်မံစေလွှတ်ပြီး လက်ဆောင်ဘဏ္ဏာဆက်သမိတ်ဖွဲ့ စေခဲ့သည်။ သို့ဖြင့် နှစ်ပြည်တပြည် ဆက်ဆံရေးတည်မြဲစေရန် ရည်သန်ပြီး ဇင်းမယ်တိုင်းပြည်နှင့် အရှေ့ကရင်နီတို့သည် သံလွင်မြစ်၏အရှေ့ကမ်းပါးတွင် တည်ရှိသော တမ်ဘိုသာယာ ကျေးရွာ၌ ကရင်နီလူမျိုးတို့၏ဓလေ့ထုံးတမ်းစဉ်လာအတိုင်း အပြစ်အနာအဆာကင်းမဲ့ သည့် ကျွဲထီးကြီးတကောင်ကို သတ်ဖြတ်ပြီး ကျွဲ၏ လည်သွေးအား အရက်ယဇ်ရည် ဖြင့် ရောစပ်ကာ နှစ်ဘက်ကိုယ်စားလှယ်များမှ သောက်သုံးလျက် နှစ်ပြည်တပြည် ထာဝရဆက်ဆံရေးတည်မြဲစေရမည်ဟု ကတိသစ္စာပြုခဲ့ကြသည်။ ကျွဲဦးခေါင်းမှ ကျွဲဦးချိုနှစ်ဘက်ကိုလည်း နှစ်ဘက်ကိုယ်စားလှယ်များက တဘက်စီ မျှဝေယူခဲ့ကြ သည်။ ထိုနောက် နှစ်ဘက်ကိုယ်စားလှယ်များမှလည်း “သံလွင်မြစ်ရေ မခန်းခြောက် သရွေ့၊ ကျောက်မိုးဂူ (ဆင်ဖြူဂူ) မပြိုကျ သရွေ့၊ ကျွဲဦးချို မဖြောင့်တန်းသရွေ့ နှစ်ပြည် ထောင်ချစ်ကြည်ရေး ထာဝရခိုင်မာစေရမည်” ဟု သစ္စာဆိုခဲ့ကြသည်ချစ်ကြည်ရေး ခရီးစဉ်အတွင်း လိုက်ပါခဲ့သည့် မင်းသားကာဝိလ၏ သားတော်မှာလည်း အရှေ့ကရင်နီ စောဖျာဖာ့ဖော်ကလေး၏ သမီးတော် မော်ထွားမယ် (ယိုးဒယား အခေါ် နန်းတွိုင်း) နှင့် ချစ်ကျွမ်းဝင် မေတ္တာမျှခဲ့သဖြင့် နှစ်ဘက်မိဘများမှ လက်ထပ်ထိမ်းမြားပေးခဲ့ပြီး နောက် မော်ထွားမယ်သည် ဇင်းမယ်သို့ ကြင်ယာတော်၏ ခေါ်ဆောင်ရာကို လိုက်ပါ သွားခဲ့သည်ဤ လက်ထပ်ထိမ်းမြားမှုသည် ဇင်းမယ်တိုင်းပြည်နှင့် အရှေ့ကရင်နီ တို့၏ ပထမဆုံးသော မင်းမျိုးမင်းနွယ်ဝင်များ လက်ထပ်ထိမ်းမြားခြင်းဖြစ်ခဲ့သည်။ သားသမီး ငါးယောက်ထွန်းကားခဲ့ပြီး သားကြီး ချော့မဟာပရိုခမ်ခေါင်မှာ သုံးပါးမြောက် ရာမာဘုရင်မင်းမြတ် ပရာနန်ကလောယူဟွာလက်ထက်တွင် အမှုတော်ထမ်း ရွက်ခဲ့ပြီး နောက် ဇင်းမယ်၏ အကြီးအကဲ ချော့ရာဂျာဝေါင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ ရပါသည်နောင်တွင် မော်ထွားမယ် (နန်းတွိုင်း) အား ထိုင်းဘုရင်မင်းမြတ် စွမ်ဒဲဖရာဗာ ဒါယော ဖာ့ချွန်လာလုဒ်မှ နက်နာရီဝိုင်အမည်ရှိ သရဖူဘွဲ့ကို ချီးမြှင့်ခဲ့သည်။
အရှေ့ကရင်နီနှင့် ဇင်းပယ်တိုင်းပြည် နယ်စပ်သတ်မှတ်ခြင်း
ဗမာပြည်အား ဗြိတိသျှတို့ အုပ်ချုပ်စဉ်ကာလတလျှောက်လုံးတွင် ထိုင်းနှင့် ဗြိတိသျှ တို့အကြား နယ်မြေပိုင်းခြား သတ်မှတ်ထားခြင်း မရှိသကဲ့သို့ ဇင်းမယ်နှင့် ကန္တာရဝတီ (အရှေ့ကရင်နီ) တို့အကြားမှာလည်း နယ်စပ်ရှင်းလင်းဖော်ပြထားခြင်း အလျဉ်းမရှိ သဖြင့် ထိုကာလတလျှောက်လုံး၌ အငြင်းပွားစရာ ဖြစ်ခဲ့သည်။ သံလွင်မြစ်မှာ ယာယီ အခိုက်အတန့်အားဖြင့် နယ်စပ်သဖွယ် တည်ရှိနေခဲ့သော်လည်း မြောက်ပိုင်းရှိ ထိုင်း လူမျိုးများက ဤဒေသကို မည်သည့်အခါမှ နယ်မြေစစ်ဆေးတိုင်းတာရန် ရောက်ရှိ လာခြင်းမရှိဘဲ ၁၈၂ဝ ခုနှစ်မှစပြီး ကရင်နီ လူမျိုးတို့မှ မဲ့စာမာ့တ် (ယခု မယ်ဟောင်ဆွန် ဒေသ) အတွင်း ဝင်ရောက်အခြေချနေထိုင်သည့် အချိန်အထိ နယ်စပ်မှတ်တိုင်များ ရေရေရာရာ သေသေချာချာ မရှိခဲ့ချေ။
၁၈၉၀ ခုနှစ်အတွင်း မယ်ဟောင်ဆွန်တဝိုက်တွင် နေထိုင်သော ကရင်နီတို့က ကရင်နီနယ်ပယ်အားလုံးနှင့် မယ်ဟောင်ဆွန်မြို့ အားလုံးနီးပါးကို ကရင်နီတို့ အပိုင်ဟု ကြေညာခဲ့သည်။ သို့သော် မယ်ဟောင်ဆွန်မြို့မှာ ကရင်နီတို့ အပိုင်ဆိုသည်ကို ဗြိတိသျှ တို့က ထောက်ခံအသိအမှတ်ပြုခြင်း မပြုခဲ့ဇင်းမယ်ကလည်း ကရင်နီနယ်အတွင်း ရွှေ့ပြောင်းနေထိုင်ကြသည့် ရှမ်းများနှင့် အဆက်ပြတ်နေသော သံလွင်မြစ် အနောက် ဘက်ခြမ်းရှိ သေးငယ်သော ရှမ်းပြည်ငယ်လေးများကို ၎င်းတို့အပိုင်ဟု တုံ့ပြန်ခဲ့သည်။ ကရင်နီတို့ သံလွင်မြစ်ကို ဖြတ်ကျော်လာရာတွင် ဇင်းမယ်ဩဇာကို ခံယူသည့် စကော နှင့် ပိုးကရင်လူမျိုးတို့ကိုလည်း တိမ်းရှောင်ပြောင်းရွှေ့ သွားခြင်း ဖြစ်စေခဲ့သည်။ မြောက်ပိုင်းထိုင်းနိုင်ငံအား မင်းသားကာဝိလ အုပ်စိုးခဲ့စဉ်ကာလများက ဝင်ရောက် အခြေချနေထိုင်သူများအပေါ် အခွန်အတုတ်များ စည်းကြပ်ကောက်ခံခဲ့ခြင်း အချို့ ရှိခဲ့ သည်ဗြိတိသျှနှင့် ဗမာတို့အကြား တတိယစစ်ပွဲမဖြစ်ပွားမီကာလက ၁၈၇၅ ခုနှစ် တွင် ဗြိတိသျှတို့က အနောက်ကရင်နီကို သူတို့၏အစောင့်ရှောက်နယ်အဖြစ် ကြေညာ ခဲ့သည်။ ကန္တာရဝတီနယ်ကိုမူ မန္တလေးဘုရင်အား သစ္စာခံယူသည့် စောလဖော်မှ အုပ်စိုးခဲ့သဖြင့် မန္တလေး၏ အမှီအခိုကို အားပြုနေသည့် နယ်အဖြစ် သတ်မှတ်ခဲ့သည်။
အရှေ့ကရင်နီကို အုပ်စိုးသည့် စောဖျာစောလဖော်သည် မန္တလေးကို သစ္စာခံပြီး ဗြိတိသျှကို အာခံခဲ့သဖြင့် စောလဖော်ကို အောင်နိုင်ရန်အတွက် အကူအညီပေးရာ တွင် ဇင်းမယ်အုပ်ချုပ်သူတို့က ပျက်ကွက်ခဲ့မှုနှင့် နယ်ကြားဒေသအတွင်း ကရင်နီတို့ ၏ ဓားမြတိုက်ခိုက်နေမှုကို နှိမ်နင်းရာတွင် ပေါ့ဆသည်ဟု ယူဆသဖြင့် ဗြိတိသျှတို့က ဇင်းမယ်အား ငွေကြေးပံ့ပိုးကူညီရန် ကတိပေးထားမှုကို ပယ်ဖျက်ခဲ့သည်။ ဇင်းမယ် မင်းသား ဒီဗာဝေါင်က သံလွင်အရှေ့ခြမ်းဒေသမှာ ထိုင်းတို့၏ အပိုင်ဖြစ်သည်ဟု ကြေ ညာထားခြင်းကို ဇင်းမယ်ရှိ ဗြိတိသျှအတိုင်ပင်ခံ အီးဘီ ဂေါ်ဒ် (E.B Govld) က အသိ အမှတ်ပြုခဲ့သည်သို့သော် အိန္ဒိယရှိ ဗြိတိသျှအရာရှိတို့ကမူ ဗြိတိသျှလူမျိုးတို့ ပါဝင် သည့် လွတ်လပ်သော ကော်မရှင်တရပ် ဖွဲ့စည်းပြီး သံလွင်ဒေသကို စစ်ဆေးတိုင်းထွာ ရန် တုံ့ပြန်တင်ပြခဲ့သည်။
သို့ဖြင့် နယ်စွန်ဒေသသို့ ထိုင်းတို့ဘက်မှ အင်အား (၅ဝ) မှ (၁၀၀) အထိပါဝင်သော အစောင့်ဝန်ထမ်းများကို စေလွှတ်ချထားခဲ့သော်လည်း နေးဧလိယာ (Ney Elias) ကော်မရှင်ကထိုင်းတို့အပိုင်ဟု ပြောဆိုသော သံလွင်အရှေ့ခြမ်းဒေသကိုအကာအကွယ် ပေးရန် မဖြစ်နိုင်ဟု ငြင်းဆိုခဲ့သည်အဘယ်ကြောင့်ဆိုသော် ကန္ဒာရဝတီတို့က ပို၍ ပိုင်ဆိုင်ခွင့်ရှိသည့် အနေအထားရှိနေခြင်းပင် ဖြစ်သည်။ ထိုင်းတို့ဘက်မှလည်း ကော်မ ရှင်အား အဆိုပါဒေသတွင် နေထိုင်ပြီး ထိုင်းကို သစ္စာခံသော စကောနှင့် ပိုးကရင် တို့ကို ကော်မရှင်က မတွေ့ဆုံခဲ့ဟု တုံ့ပြန်ခဲ့သည်အဆိုပါ စကောနှင့် ပိုးကရင်တို့ အများစုမှာ ကရင်နီတို့ကြောင့် အရှေ့ဘက်သို့ ပိုမိုရွှေ့ပြောင်းအခြေချ နေထိုင်ခဲ့သူများ ဖြစ်ကြသည်အဆုံးတွင် ဗြိတိသျှ အရာရှိပါဝင်သော နယ်မြေပူးတွဲ စစ်ဆေးတိုင်းတာ ရေးအဖွဲ့ကို ၁၈၉၂ ခုနှစ်တွင် ဖွဲ့စည်းပြီး သံလွင်အရှေ့ခြမ်းဒေသကို စေလွှတ်စစ်ဆေး မျှပြုလုပ်ပြီးနောက် သံလွင်မြစ်အရှေ့ခြမ်းဒေသအား ကရင်နီအပိုင်အဖြစ် သတ်မှတ် ခဲ့သည်။ တချိန်က ကျိုင်းတုံလက်အောက်ကျရောက်ခဲ့သည့် အရှေ့ပိုင်းရှမ်းပြည်နယ် များကိုမူ ထိုင်းတို့အပိုင်ဟု အပေးအယူလုပ်ခြင်းဖြင့် အရှေ့ကရင်နီနှင့် ဇင်းမယ်တိုင်း ပြည်တို့အကြား နယ်စပ်သတ်မှတ်အတည်ပြုမှုကို အဆုံးသတ်ခဲ့သည်။
အရှေ့ကရင်နီနှင့် အင်္ဂလိပ်တို့၏ ဆက်ဆံရေး
ဗမာပြည်အောက်ပိုင်းအား အင်္ဂလိပ်တို့ဝင်ရောက်သိမ်းပိုက်ပြီး ၁၈၂၆ ခုနှစ်တွင် အင်္ဂလိပ်တို့က မော်လမြိုင်၌ ရုံးစိုက်ခဲ့ရာ အနောက်ကရင်နီစောဖျာမှ မော်လမြိုင်သို့ စေတမန်များ စေလွှတ်ကာ အင်္ဂလိပ်တို့နှင့် သံတမန်တည်ဆောက်ခဲ့သည်။ အင်္ဂလိပ် တို့မှလည်း ၎င်းတို့၏ အရှေ့အိန္ဒိယကုမ္ပဏီအနေဖြင့် တရုတ်ပြည်နှင့် ကူးလူးသွား လာပြီး ကုန်စည်ကူးသန်းရောင်းဝယ်နိုင်ရေးတွင် ကရင်နီပြည်အား နယ်မြေဖြတ်သန်း ခွင့်ရရှိရန် ၁၈၃၅ ခုနှစ်တွင် ကရင်နီသို့ ကိုယ်စားလှယ် စေလွှတ်ပြီး အတုံ့အလှည့်ဆ က်ဆံရေးတည်ဆောက်ခဲ့သည်။ ၁၈၅၂ ခုနှစ် အင်္ဂလိပ်-ဗမာ ဒုတိယစစ်ပွဲပြီးသည့် နောက် အင်္ဂလိပ်တို့က ကရင်နီပြည်အား ဗမာဘုရင်၏ သစ္စာကို ခံယူသည်ဟု ယူဆ ပြီး ဗမာပြည်၏ နယ်နိမိတ်ကို သံလွင်မြစ်အထိတိုင် ချဲ့ထွင်ရန် စိုင်းပြင်းခဲ့သည်သို့ သော် ကရင်နီပြည်မှာ လွတ်လပ်သော တိုင်းပြည်ဖြစ်ကြောင်း အမှန်ကိုသိမြင်လာပြီး နောက် အဆိုပါ ဆုံးဖြတ်ချက်ကို ရပ်ဆိုင်းကာ နယ်ခြားအား စစ်တောင်းမြစ် အရှေ့ ဘက်နှင့် ပေါင်းလောင်းတောင်တန်းတို့အထိ သတ်မှတ်ခဲ့သည်
ထိုအချိန်မှစပြီး အနောက်ကရင်နီအကြီးအကဲမှာ အင်္ဂလိပ်တို့နှင့် ရင်းနှီးစွာဆက်ဆံ သွားရန်လိုအပ်သည်ဟု သိမြင်လာပြီး သံတမန်ဆက်ဆံရေးကို တိုးချဲ့ ခဲ့သည်။ ၁၈၅၅ ခုနှစ် အစောပိုင်းကာလတွင် ဗြိတိသျှတို့၏ ကိုယ်စားလှယ်တစုက အခြေအနေ အရပ် ရပ်ကို စုံစမ်းအကဲဖြတ်နိုင်ရန် ကြယ်ဖိုးကြီးသို့ လာရောက် အခြေချခဲ့သည်။ အင်္ဂလိပ် တို့က ကရင်နီတွင်ရှိသည့် အဖိုးတန်ကျွန်းသစ်နှင့် ခဲသတ္တုများအပေါ် စိတ်ဝင်စားခဲ့ သည်။ ထိုကုန်စည်များကို ပြည်ပပို့ကုန်အဖြစ် အသုံးချ၍ရနိုင်သည်ကို သိသောကြောင့် ဖြစ်သည်။ ဤသို့ ကရင်နီပြည်အတွင်း အင်္ဂလိပ်တို့ ဝင်ရောက်လာသည်ကို ဗမာ သာယာဝတီဘုရင်က အမျက်ထွက်ခဲ့သည်။ ကရင်နီနယ်အား ဗမာအပိုင်ဟု အစဉ်အမြဲ ပြောဆိုခဲ့သည်။ မင်းတုန်းမင်း လက်ထက်တွင် အရှေ့ ကရင်နီကို တိုက်ခိုက်သိမ်းပိုက် ရာ၌ အနောက်ကရင်နီ ကိုပါ မသိမ်းပိုက်နိုင်မီ အင်္ဂလိပ်တို့က ဝင်ရောက်လာခဲ့သည်မင်းတုန်းမင်းက ကရင်နီပြည်အား ဗမာအပိုင်ဟု ထပ်မံပြောဆိုခဲ့ပြန်သည်။
သို့သော် အင်္ဂလိပ်အရာရှိ Lord Dalhousie က ဤသို့ ကရင်နီနယ်အတွင်း အင်္ဂလိပ် တို့ ချဲ့ ထွင်ဝင်ရောက်လာမှုကို ရုပ်သိမ်းခဲ့သည်။ ထိုနောက် ကရင်နီအား ဗမာမပိုင် သကဲ့သို့ အင်္ဂလိပ်တို့လည်း မပိုင်ဟု ကြေညာခဲ့သည်သို့တိုင်အောင် ဗမာရော အင်္ဂလိပ်တို့ကပါ ဤအငြင်းပွားဖွယ် နယ်မြေအတွင်းသို့ ၎င်းတို့၏ အရာရှိငယ်များကို ဆက်လက်ပို့ ဆောင်ကြမြဲ ရှိခဲ့သည်။ ထိုကာလအတွင်း မင်းတုန်းမင်း၏ သားတော် နှစ်ပါးဖြစ်သည့် မြင်ကွန်းနှင့် မြင်းခုန်တိုင်တို့မှာ ခမည်းတော်၏ ထီးနန်းကို လုယူရန် ကြံဆောင်ရာတွင် ထမြောက်အောင်မြင်ခြင်း မရှိသဖြင့် အနောက်ကရင်နီသို့ ထွက် ပြေးဝင်ရောက်ခိုလှုံ လာခဲ့ကြသည့်အတွက် ဗမာဘုရင်သည် ကရင်နီတို့အပေါ် ပိုမို၍ အမြင်မကြည် ဖြစ်လာစေခဲ့သည်အဆိုပါပြဿနာမှာ ကြယ်ဖိုးကြီး အကြီးအကဲဖြစ်သူ 30 ကေဖိုးဒူ ကွယ်လွန်သည့် ၁၈၆၈ ခုနှစ်တိုင်အောင် ဖြစ်ပေါ်နေခဲ့သည်ဖခင်၏ အရိုက်အရာကို ဆက်ခံခဲ့သည့် သားတော်နှစ်ပါးဖြစ်သူ ဦးတီနှင့် ဦးသျှားတို့မှာ ဗြိတိသျှ တို့နှင့်သာမက ဗမာတို့ နှင့်ပါ အပြန်အလှန် ဆက်ဆံခဲ့သည်မည်သူနှင့် အဆက်အဆံ ပြုပြီး မဟာမိတ်ပြုသင့်သည်ကို ချိန်ဆကာ ဆက်ဆံရေးကို ကောင်းမွန်အောင် ထိန်းညှိ ခဲ့ကြရသည်အဘယ့်ကြောင့်ဆိုသော် ထိုအချိန်က အရှေ့ကရင်နီနှင့် ပဋိပက္ခဖြစ်နေ သည့်အတွက် အနောက်ကရင်နီအနေဖြင့် အင်္ဂလိပ် သို့မဟုတ် ဗမာဘုရင် တဘက် ဘက်၏ ထောက်ခံပံ့ပိုးမှုကို ရယူရန် လိုအပ်သည်ဟု ယူဆသောကြောင့် ဖြစ်သည်။
မော်ချီးမိုင်းတွင်းသို့ ရောက်ရှိနေသည့် အင်္ဂလိပ်အရာရှိ ဗိုလ်မှူးကြီးပစ်ကော့ခ်
ကရင်နီ-အင်္ဂလိပ်တို့အကြား ပဟာမိတ်စာချုပ်များနှင့် သီးခြားလွတ်လပ်ရေးစာချုပ် ချုပ်ဆိုခြင်း
၁၈၅၇ ခုနှစ်တွင် အင်္ဂလိပ်အရာရှိ မစ္စတာ အိုရီလေးက အနောက်ကရင်နီရှိ ကြယ်ဖိုးကြီးနယ် အကြီးအကဲ စောဖျာ ကေဖိုးဒူနှင့် ချစ်ကြည်ရေးစာချုပ် ချုပ်ဆိုခဲ့ သည်။ ထိုအချိန်မှစပြီး ကြယ်ဖိုးကြီး အကြီးအကဲမှာ တရားဝင် ကတိကဝတ် မပြုလုပ် ထားသည့်တိုင် ဗြိတိသျှတို့၏ အကာအကွယ်ပြုမှုအောက်တွင် ရှိနေသည်ဟု တလွဲ ယူဆခဲ့သည်မည်သို့ပင်ဖြစ်စေ ဤကောင်းမွန်သော ဆက်ဆံရေးကြောင့် ဗမာတို့၏ ထပ်မံတိုက်ခိုက်မှုရန်မှ ကရင်နီတို့က ကင်းလွတ်သည့် အကျိုးဖြစ်ထွန်းမှုကို ရရှိခဲ့ သည်။ တဖန် ၁၈၆၃ ခုနှစ်တွင် မဟာမိတ်စာချုပ်ကို ထပ်မံချုပ်ဆို ခဲ့ကြပြန်သည်။ စောဖျာကေ့ဖိုးဒူသည် ၁၈၆၈ ခုနှစ်တွင် ကွယ်လွန်အနိစ္စ ရောက်ပြီးနောက် သူ၏ အရိုက်အရာကို ဆက်ခံသည့် သားတော်နှစ်ပါးဖြစ်သော ဦးတီနှင့် ဦးသျှားတို့က ၁၈၆၉ ခုနှစ်တွင် အင်္ဂလိပ်တို့ထံ စေတမန်ကို တဖန်စေလွှတ်ပြီး ယခင်ဖခမည်းတော်နှင့် အင်္ဂလိပ်တို့ချုပ်ဆိုခဲ့သော စာချုပ်ကို ဆက်လက် အသိအမှတ်ပြုကြောင်း ကြားသိစေ ခဲ့သည်။ ထိုကာလအတွင်းတွင် အရှေ့ကရင်နီ၏ အကြီးအကဲ စောဖျာ စောလဖော် သည် ကရင်နီပြည်တပြည်လုံးကို သိမ်းပိုက်ရန် အားထုတ်ခဲ့သည်သို့ဖြင့် စောဖျာ စောလဖော်သည် ၁၈၆၈-၆၉ ခုနှစ်များ၌ ဗမာဘုရင်ထံ အခစားဝင်ပြီး ကရင်နီတပြည် လုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ရန်အတွက်စစ်ကူပေးရန် တောင်းခံခဲ့သည်။ ဤသည်ကို အင်္ဂလိပ်တို့က ကြားသိသဖြင့် ဗမာဘုရင်အား ထိုသို့ စွန့်စားလုပ်ဆောင်သည့် လုပ်ရပ် မျိုးအား မပြုလုပ်ဘဲ ချုပ်တည်းထားရန် တောင်းဆိုခဲ့သည်။
ထိုနောက် ၁၈၇၃ ခုနှစ်တွင် ဗမာဘုရင်တပ်၏ မကြာခဏဝင်ရောက် တိုက်ခိုက်မှ ရန်မှ အကာအကွယ်ပေးရန်နှင့် စောင့်ရှောက်မှုပေးရန် ဗြိတိသျှ-အိန္ဒိယ အစိုးရထံ အနောက်ကရင်နီတို့က ပန်ကြားခဲ့သော်လည်း ပယ်ချခြင်း ခံခဲ့ရသည်အင်းဝဘုရင် နန်းတော်ညီလာခံမှ ဤကိစ္စနှင့်စပ်လျဉ်းပြီး မသင်္ကာ မှုနှင့် မနာလိုဝန်တိုမှုများကို နှိုးဆွသကဲ့သို့ ဖြစ်မည်ဟု ဗြိတိသျှတို့က အကြောင်းပြခဲ့သည်။ သို့သော် ၁၈၇၄ ခုနှစ် တွင် အင်းဝရှိ ဗမာဘုရင်မှ ကရင်နီပြည်အား သိမ်းပိုက်မည့် အကြံအစည်ကို အင်္ဂလိပ်တို့က အပြင်းအထန်ကန့်ကွက်ခဲ့ပြီး အနောက်ကရင်နီအား တသီးတခြားတည်ရှိသည့် နယ်အဖြစ် ဆက်လက်အသိအမှတ်ပြုခဲ့သည်။ အင်္ဂလိပ်တို့ကလည်း အောက်ဗမာပြည် ရှိ နယ်မြေသတ်မှတ်မှု နှောင့်နှေးရှည်ကြာနေခြင်းအပေါ် ဗမာတို့လွှမ်းမိုးလာခြင်း မရှိစေရန် ရည်ရွယ်ချက်ဖြင့် Sir Douglas Forsyth အား မန္တလေးသို့ စေလွှတ်ပြီး စေ့ စပ်ညှိနှိုင်းစေခဲ့သည်မင်းတုန်းမင်းကလည်း အကြောင်းပြချက် တစုံတရာမသိရှိရဘဲ စေ့စပ်ညှိနှိုင်းမှုကို အကျဉ်းချုပ်ကာ အနောက်ကရင်နီနယ်၏ သီးခြားလွတ်လပ်စွာ တည်ရှိမှုကို အသိအမှတ်ပြုရန် အင်္ဂလိပ်တို့နှင့် သဘောတူခဲ့သည်။ သို့ဖြင့် ၁၈၇၅ ခုနှစ် ဇွန်လ (၂၁) ရက်နေ့တွင် ဗြိတိသျှ-အိန္ဒိယဘုရင်ခံကိုယ်စား ဆာဒေါ့ကလပ် ဖော့ဆစ်သ် (Sir Douglas Forsyth) နှင့် ဗမာဘုရင် မင်းတုန်းမင်းကိုယ်စား၊ နိုင်ငံခြား ရေးဝန် ကင်းဝန်မင်းကြီးတို့က ကရင်နီပြည်၏ သီးခြားလွတ်လပ်ရေးအတွက် အသိ အမှတ်ပြုစာချုပ်ကို စောဖျာဦးတီ၏ ရှေ့မှောက်တွင် ချုပ်ဆိုခဲ့ကြသည်။
အင်္ဂလိပ်တို့နှင့် ချုပ်ဆိုခဲ့သော နွားဦးချိုစာချုပ်
စာချုပ်။
(နှစ်ဦးသဘောတူစာချုပ်ဆိုသည့် ဤအောက်ပါစာချုပ်အရ ကရင်နီပြည်နယ်ကို မည်သူတဦးတယောက်ကမျှ စီမံခန့်ခွဲစိုးမိုးချုပ်ချယ်ခြင်း မပြုရဘဲ သီးသန့်ရှိစေလျက် လွတ်လပ်သော (Independent) အခွင့်အရေးပေးရန် မြန်မာဘုရင်အစိုးရနှင့် ဗြိတိသျှ အစိုးရတို့ နှစ်ဦးနှစ်ဘက် သဘောတူသည်။
ကရင်နီပြည်သီးခြားလွတ်လပ်ရေးကို အသိအမှတ်ပြုခဲ့သော စာချုပ်
THE AGREEMENT OF 1875
In accordance with the request of His Excellency the Viceroy of India that Western Karennee should be allowed to remain separate and independent, His Majesty the King of Burma, taking into consideration the great friendship existing between the two great countries and the desire that the friendship may be lasting and permanent, agrees that no sovereignty or governing authority of any description shall be exercised or claimed in Western Karennee and His Excellency the Kin-Woon Mengyee, Minister for Foreign Affairs, on the part of His Majesty the King of Burma, and the Honourable Sir Douglas Forsyth, CB, KCSI, envoy on the part of His Excellency the Viceroy and Governor General of India, execute the following agreement:
"It is hereby agreed between the British and Burmese Government that the state of Western Karennee shall remain separate and independent, and that no sovereignty or governing body of any description shall be claimed or exercised over that State.
Whereunto we have on this day, the 21st day of June 1875 corresponding with the 3rd day of the Waning moon of Nayoung 1237 BE, affixed our seals and signature."
Seal. (Sd) TD Forsyth. Seal (Sd) Kin-Woon Mengyee.
သို့ကြောင့် ပဋိညာဉ်ခံဝန်ချက်ဖြင့် ခရစ်တော်သက္ကရာဇ် ၁၈၇၅ ခုနှစ် ဇွန်လ (၂၁) ရက်၊ မြန်မာသက္ကရာဇ် ၁၂၃၇ ခုနှစ် နယုန်လဆုတ် (၃) ရက်နေ့တွင် ကျွန်ုပ်တို့ဆိုင်ရာ တံဆိပ်တော်များနှင့်အတူ အောက်တွင် လက်မှတ်ရေးထိုးကြပါသည်။)
နယ် (၃) နယ်မှ ကရင်နီစောဖျာများနှင့် စစ်သူကြီးများ
ဤစာချုပ်သည် အနောက်ကရင်နီနှင့်သာ အကျုံးဝင် ပတ်သက်ခဲ့ပြီး ထိုအချိန်က အရှေ့ကရင်နီအား အုပ်ချုပ်ခဲ့သော စောဖျာစောလဖော်မှာ ဗမာဘုရင်နှင့် မိတ်ဖွဲ့ကာ အင်္ဂလိပ်ကို ဆန့်ကျင်ခဲ့သည်သို့လင့်ကစား အင်္ဂလိပ်တို့သည် ၁၈၇၆ ခုနှစ်တွင် ဗမာ ပြည်နှင့် ထိုင်းနယ်နိမိတ်သတ်မှတ်ရာတွင် ကရင်နီပြည်အား ဗမာပြည်နယ်နိမိတ် အတွင်း ထည့်သွင်းထားခဲ့သည်
အနောက်ကရင်နီနှင့် ဗမာပြည် နယ်ခြားသတ်မှတ်ရာတွင် အင်္ဂလိပ်အရာရှိ တဦး ဦးက သတ်မှတ်ပေးရမည်ဟု ပါရှိလေရာ ခရစ်သက္ကရာဇ် ၁၈၇၆ ခုနှစ်တွင် မစ္စတာ အေအိပ်ချ်ဟယ်ဒီဘရမ်းက လာရောက်၍ ပါဝင်သတ်မှတ်ပေးခဲ့သည်။ ထိုသို့ နယ်ခြား သတ်မှတ်မှုပြီးစီးသည့်နောက် ၁၈၇၇ ခုနှစ်အတွင်း ကရင်နီနယ်စပ်အနီး တပ်စွဲထား သော ဗမာတပ်ဖွဲ့များသည် နယ်စပ်မှ အပြီးအပိုင် ဆုတ်ခွာသွားခဲ့ကြသည်။ အဆိုပါ စာချုပ်ကြောင့်ပင် ကရင်နီတို့အတွက် အကျိုးရလဒ်အချို့ ကို ရရှိခဲ့သည်ဟု ဆိုနိုင်ပါ သည်။ ထိုအကြောင်းတရားများမှာ -
(၁) ဗမာတပ်များ ဆုတ်ခွာသွားသဖြင့် ကရင်နီပြည်တွင် တည်ငြိမ်အေးချမ်းလာခြင်း
(၂) အရှေ့ကရင်နီနှင့် အနောက်ကရင်နီတို့အကြား ဖြစ်ပွားခဲ့သော တင်းမာမှုများ သည် ဗမာစစ်တပ်များ ဆုတ်ခွာသွားပြီးသည့်နောက် ငြိမ်းချမ်းစွာ ပြေလည် အောင် ဖြေရှင်းနိုင်ခြင်း
(၃) ကရင်နီပြည်တွင်းရှိ ကျွန်းသစ်၊သတ္တုနှင့် ချိပ်တို့အား အင်္ဂလိပ်တို့နှင့် လွတ် လပ်စွာ ကုန်စည်ရောင်းဝယ်နိုင်ခြင်း၊ (၄) ကမ္ဘာမှ မသိရှိခဲ့သော ကရင်နီပြည်အား ဤစာချုပ်ကြောင့် သိရှိလာခြင်း၊
(၅) ကိုလိုနီနယ်အဖြစ် သိမ်းသွင်းခြင်းမှ ကင်းလွတ်ခဲ့ရခြင်း
(၆) သီးခြားလွတ်လပ်သည့် အစဉ်အလာကို ဆက်လက်ထိန်းသိမ်းရပ်တည် ရှင်သန်ခွင့် ရရှိခြင်း၊
(၇) ဗမာနှင့် အင်္ဂလိပ်တို့၏ ကျွန်ပြုမှုမှ လွတ်ကင်းခွင့် ရရှိခြင်းတို့ ဖြစ်သည်။
အင်္ဂလိပ်တို့ကို အစဉ်တစိုက် တော်လှန်ခဲ့သည့် အရှေ့ကရင်နီစောဖျာစောလဖော်
အင်္ဂလိပ်တို့က အရှေ့ကရင်နီအား တိုက်ခိုက်ခြင်း
၁၈၈ဝ ခုနှစ်တွင် အင်္ဂလိပ်အစိုးရအရာရှိ မစ္စတာစတီဗင်ဆင်က ရှမ်းပြည်တောင် ပိုင်းသို့ ခရီးလှည့်လည်စဉ် စောဖျာ စောလဖော်အား နယ်စပ်တနေရာသို့ လာရောက် တွေ့ဆုံရန် ဖိတ်ခေါ်ခဲ့သည်ကို စောဖျာစောလဖော်ကလက်မခံဘဲ တွေ့ဆုံရန် ငြင်းဆန် ခဲ့သည်။ ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်တို့သည် တောင်ငူနှင့် ကရင်နီတို့အကြား နယ်နိမိတ် သတ်မှတ်ရန် ကြယ်ဖိုးကြီးအကြီးအကဲထံစေတမန် တဖွဲ့ စေလွှတ်ခဲ့သည်။ ၁၈၈၆ ခုနှစ်တွင် ကရင်နီခေါင်းဆောင်များအား ရှမ်းစော်ဘွားများ အနေအထားကဲ့သို့ပင် ဆက်ဆံသွားမည်ဟု အကြောင်းကြားသိစေခဲ့သည်။ ၁၈၈၈ ခုနှစ် မတ်လ အတွင်းတွင် အရှေ့ကရင်နီ စောဖျာ စောလဖော်သည် မောက်မယ်အား အင်္ဂလိပ်တို့ လက်ထဲမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မောက်မယ်အကြီးအကဲ ခွန်မှုံအား နယ်နှင်ခဲ့သည်။ သို့ဖြင့် မေလ (၂) ရက်နေ့ တွင် အင်္ဂလိပ်အရာရှိ ဂျေဂျီစကော့၊ ကာလ်နယ် စတိုးရီးယပ်စ်နှင့် လက်ဖတင်နင် ဖော်လားတို့သည် တပ်အင်အား (၁၅ဝ) ဖြင့် မောက်မယ်အား ပြန်လည် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မေလ (၁၆) ရက်နေ့တွင် ခွန်မှုံအား စော်ဘွားအရာကို ပြန် လည်အပ်နှင်းခဲ့သည်။ ထိုနောက် မိုးနဲသို့ ပြန်လည်ထွက်ခွာ သွားခဲ့သည်။ ကရင်နီတပ် တို့သည် ဇူလိုင်လ (၃) ရက်နေ့တွင် မောက်မယ်သို့ ချီတက်ပြီး တဖန်တိုက်ခိုက် သိမ်းပိုက်ပြီး စောဖျာ စောလဖော်က အင်္ဂလိပ်တို့အား ဇူလိုင်လ (၁၃) ရက်နေ့တွင် မောက်မယ်မှ ထွက်ခွာသွားကြရန် စာရေးတောင်းဆိုခဲ့သည်။ ၁၈၈၈ ခုနှစ် ဇူလိုင်လအကုန်တွင် မောက်မယ်အရေးနှင့် ပတ်သက်ပြီး အင်္ဂလိပ်တို့သည် အိန္ဒိယရှိ ဗြိတိသျှ အစိုးရထံ တင်ပြခဲ့သည်။ သို့ဖြင့် ဩဂုတ်လတွင် အင်္ဂလိပ်အစိုးရသည် မောက်မယ် တိုက်ခိုက်မှုနှင့် စပ်လျဉ်းပြီး အရှေ့ကရင်နီအား အောက်ပါအတိုင်း တောင်းဆိုခဲ့သည်။
(၁) ဘုရင်မ သစ္စာတော်ကို ခံယူရန်၊
(၂) စစ်လျော်ကြေးကျပ်ငွေ နှစ်သိန်းပေးဆောင်ရန်
(၃) ဒါးအလက် (၅ဝဝ) ပေးအပ်ရန်(၄) အခွန်တော်ငွေ တနှစ်လျှင် ငွေသား (၅,ဝဝဝ) ပေးဆောင်ရန်တို့ ဖြစ်သည်
ဤစာကို အင်္ဂလိပ်အရာရှိ ဟယ်လ်ဒီဘရမ်းမှ စောဖျာစောလဖော်ထံ ၁၈၈၈ ၁ ခုနှစ် နိုဝင်ဘာလ (၁၆) ရက်နေ့တွင် ပေးအပ်ခဲ့သည်။ သို့သော် စောဖျာ စောလဖော်က အဆိုပါ တောင်းဆိုချက်ကို လက်မခံဘဲ ပယ်ချခဲ့သည်။ ၁၈၈၈ ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့တွင် ဖာပွန်ရှိ အင်္ဂလိပ်တပ်မှူး ကာလ်နယ်ဟာဗီး ဦးစီးသော တပ်သည် ကရင်နီသို့ စစ်ချီရန် ချီတက်လာသဖြင့် ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ကျောက်ညှပ်ရှိ အင်္ဂလိပ်တို့၏ အခြေခံစစ်စခန်းကို အလစ်ဝင်ရောက်တိုက်ခိုက် မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြင့် ရပ်တန့်စေခဲ့သည်ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် အင်္ဂလိပ်ဗိုလ်ချုပ် အိပ်ချ်ကော့လက် စီဘီနှင့် ဟယ်ဒီဘရမ်းတို့သည် တပ်အင်အား (၅ဝဝ) ကို ဦးစီးကာ စံကားနယ်မှတဆင့် အရှေ့ကရင်နီလွိုင်ကော်သို့ စစ်ချီခဲ့ပြန်သည်။ သို့ဖြင့် ၁၈၈၉ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် လွိုင်ကော်အနီး နန်းကျိုင်း၌ နှစ်ဘက်တပ်ဖွဲ့အကြား စတင်တိုက်ပွဲဖြစ်ပွား ခဲ့သည်။ ထိုနောက် အင်္ဂလိပ်တို့သည် စစ်ရှိန်မြှင့်ပြီး စောဖျာစောလဖော်နန်းစိုက်ရာ စောလုံမြို့ ထိတိုင် ချီတက်တိုက်ခိုက်ခဲ့သည်။ စောဖျာစောလဖော်မှာ မျက်နှာဖြူများ ၏မျက်နှာကို တသက်မကြည့်ဟုဆိုကာ စောလုံမြို့၏အရှေ့ဘက်သို့တိမ်းရှောင်သွား ခဲ့သည်။ အင်္ဂလိပ်တို့က စောလဖော်အား လာရောက်တွေ့ဆုံရန် ဖိတ်ခေါ်ခဲ့သဖြင့် ညီဝမ်းကွဲတော်သူ စဝ်လဝီအား ကောင်းလျှင် “စံ”ဆိုးလျှင် “ခံ” ဟုဆိုကာ စောလုံ အား အင်္ဂလိပ်တို့နှင့် သွားရောက်တွေ့ဆုံရန် စေလွှတ်လိုက်သည်။ သို့ဖြင့် အင်္ဂလိပ် တို့သည် စဝ်လဝီ အား ၁၈၈၉ ခုနှစ် ဇန်န၀ါရီလ (၂၉) ရက်နေ့တွင် စောဖျာအရာ ချီးမြှောက်လျက် စောလုံကို အုပ်ချုပ်စေခဲ့သည်။ စဝ်လဝီအား မြို့စားအဖြစ် ခန့်အပ် စာလွှာတွင် အောက်ပါ စည်းကမ်းကန့်သတ်ချက်များ ပါဝင်သည်။
(၁) သင်၏ နယ်ကို ရှိရင်းဓလေ့ထုံးစံအတိုင်း အုပ်ချုပ်သွားရမည်။ အရှင် အင်္ဂလိပ် ဘုရင်မကို အခွန်တော်ဆက်သ သွားရမည်။
(၂) အင်္ဂလန်ပြည်မှတပါး အခြားတိုင်းပြည်များနှင့် ဆွေးနွေးခြင်း၊ စာချုပ်ချုပ်ဆိုခြင်း မပြုလုပ်ရ။
(၃) သင်သည် အင်္ဂလိပ်အစိုးရကို နှစ်စဉ်အခွန်တော်အဖြစ် ငွေသား ၅,ဝဝဝ ပေး
ဆောင်ရမည်(၄) သင်သည် ကိစ္စဟူသမျှ ရှမ်းပြည်အင်္ဂလိပ်အစိုးရအုပ်ချုပ်ရေး အရာရှိ၏ အမိန့် ကိုနာခံရမည်။
(၅) သင်၏ သံလွင်အရှေ့ဘက်နယ်မြေကိစ္စနှင့် ပတ်သက်၍ ယိုးဒယားနှင့် ငြင်းခုံမှ ဖြစ်ခဲ့လျှင် ကြားဆုံးဖြတ်ပေးသူအဖြစ် ရှမ်းပြည်ရှိ အင်္ဂလိပ်အစိုးရ အရာရှိကို အကြောင်းကြားရမည်။
(၆) အရှေ့ကရင်နီ၏ မည်သည့်အပိုင်းတွင်မဆို ရှမ်း သို့မဟုတ် ဗမာ သို့မဟုတ် အင်္ဂလိပ်လက်အောက်ခံ မည်သည့် လူမျိုးပင် ဖြစ်စေမိမိသဘောမတူဘဲ မတား ဆီးမဆိုင်းငံ့ထားရ၊ သူတို့သွားလာလိုသော နေရာသို့ လွတ်လပ်စွာ သွားလာနိုင် စေရမည်။
ခရစ်သက္ကရာဇ် ၁၈၈၉ ခုဇန်နဝါရီလ (၂၉)ရက် အေ၊အိပ်ချ် ဟယ်ဒီဘရန့် ရှမ်းပြည် အုပ်ချုပ်ရေး အရာရှိ
အမှန်စင်စစ် ၁၈၈၆ ခုနှစ် မေလ (၄) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အင်္ဂလိပ်အစိုးရ ၏ နိုင်ငံခြားရေးဋ္ဌာန၊ ထုတ်ပြန်ချက်အရ ကရင်နီအား ဗြိတိသျှ-အိန္ဒိယ၏ အစိတ် အပိုင်းအဖြစ် မကြေညာခဲ့သကဲ့သို့ ၁၈၉၂ ခုနှစ် အောက်တိုဘာလ (၁၉) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တွင်လည်း ကရင်နီသည် အင်္ဂလိပ်တို့၏ ရှမ်းပြည်နှင့် အောက်ဗမာပြည်တို့တွင် ပြဋ္ဌာန်းထားသော ဥပဒေများနှင့် အကျုံးမဝင်ခဲ့ပေ။
ဗြိတိသျှ၏ ကရင်နီတို့အပေါ် ထားရှိသော အပြင်သဘောထားနှင့် ကတိကဝတ်များ
၁၈၇၅ ခုနှစ် ဇွန်လ (၂၁) ရက်နေ့တွင် အနောက်ကရင်နီနယ်၏ သီးခြားလွတ်လပ် ရေးကို အသိအမှတ်ပြုရန် ဗြိတိသျှနှင့် ဗမာဘုရင်တို့အကြား ချုပ်ဆိုခဲ့သော သဘော တူစာချုပ်သည် ဗြိတိသျှအစိုးရအနေဖြင့် ကရင်နီတို့ထံမှ ရရှိမည့် အကျိုးစီးပွားများ အပေါ်များစွာ မှီတည်သယောင်ရှိပြီး အယောင်ဆောင်လွတ်လပ်ရေး သဘောတူ စာချုပ်ကို ချုပ်ဆိုခဲ့သည့်သဘောဟု ဆိုရမည့် အခြေအနေဖြစ်ခဲ့သည်။ အဘယ်ကြောင့် ဆိုသော် ၁၈၉၁ ခုနှစ်တွင် အိန္ဒိယရှိ ဗြိတိသျှအစိုးရသည် အနောက်ကရင်နီ၏ ဟန်ဆောင်လုပ်ကြံထားခဲ့သော လွတ်လပ်ရေးကို ဆက်လက်ထိန်းသိမ်း ထားရန် မဖြစ်နိုင်တော့ဟု အကြောင်းပြပြီး “ဆာနဒ်ဥပဒေ” ပြဋ္ဌာန်းရန် အကြံပြုလာ သကဲ့သို့ “ဆာနဒ်ဥပဒေ” ကိုလည်း အမှန်ပင် ရေးဆွဲအတည်ပြုပြဋ္ဌာန်းခဲ့သည်အဆိုပါ ဆာနဒ် ဥပဒေကို အနောက်ကရင်နီနှင့် အရှေ့ ကရင်နီနယ်၊ နှစ်နယ်စလုံးတွင် ပြဋ္ဌာန်းပြီး အနောက်ကရင်နီအား ရှမ်းပြည်တောင်ပိုင်းရှိ ဗြိတိသျှအုပ်ချုပ်ရေးအရာရှိ၏ အကြံပေး ချက်အရ လုပ်ဆောင်သွားရန် ညွှန်ကြားခဲ့သည်အရှေ့ကရင်နီနယ်ကိုမူ ကော်မရှင် နာမင်းကြီး၏ အကြံပြုချက်အရ လုပ်ဆောင်ရန် ညွှန်ကြားခဲ့သည်ဤ အချက်သည် ဗြိတိသျှတို့အနေဖြင့် ၁၈၇၅ ခုနှစ်က ချုပ်ဆိုထားခဲ့သော စာချုပ်ပါ “မည်သည့်ဘက်မျှ အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် အုပ်ချုပ်လွှမ်းမိုးခြင်း မရှိရ” ဟူသော အပိုဒ်ကို သတိမထားဘဲ သဘောတူညီချက်ကို ချိုးဖောက်ခဲ့ခြင်း ဖြစ် သည်ဟု တောင်တန်းဒေသအုပ်ချုပ်ရေးဘုတ်အဖွဲ့၊ အတွင်းဝန် မစ္စတာ စတီဗင်ဆင်က ပြောပါသည်။
၁၈၉၂ ခုနှစ် ဇန်နဝါရီလ (၂၄) ရက်နေ့တွင် အရှေ့နှင့် အနောက်ကရင်နီပြည် တို့အပေါ် ပြဌာန်းခဲ့သော ဆာနဒ်ဥပဒေပြဋ္ဌာန်းချက် (၁၂) ချက်မှာ အောက်ပါ အတိုင်း ဖြစ်သည်။
(၁) ၁၈၈၉ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ ၁၈၉၃ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက် နေ့တိုင် ဘဏ္ဍာတော်ဆက်ကြေး (၅,ဝဝဝ) ကျပ် ဆက်သွင်းရမည်ထို ဆက်ကြေး ကို ထိုနှစ်မှ တဖန် ပြင်ဆင်ရန်၊
(၂) ဗြိတိသျှနယ်ပယ်အတွင်း နယ်များနှင့် ဖြစ်စေ၊ အပြင်အပနယ်များနှင့် ဖြစ်စေ၊ ဆက်သွယ်ခြင်း မပြုရဆက်သွယ်ရန်အကြောင်းရှိက အထက်မြန်မာ တိုင်းမင်း ကြီးထံ ဖြစ်စေရှမ်းပြည်နယ်ခြားဝန်ထံကို ဖြစ်စေတိုက်ရိုက်ရေးသားလျှောက် ထားရမည်
(၃) ကန္ဒာရဝတီနယ် သို့မဟုတ် အရှေ့ကရင်နီနယ်အတွင်းရေးကိစ္စကို လည်းကောင်း၊ နယ်စပ်အရေးကို လည်းကောင်း အထက်မြန်မာပြည် တိုင်းမင်းကြီး၏ သတ်မှတ် ညွန်ကြားချက်များကို လက်ခံဆောင်ရွက်ရမည်။
(၄) ကန္တာရဝတီနယ်အတွင်း၌ ခိုလှုံနေသူအပေါင်းတို့ကို ၎င်းတို့၏ ထုံးတမ်းဓမ္မတာ အစဉ်အလာအတိုင်း အုပ်ချုပ်လျက် နှိပ်စက်ကလူ မပြုရ။
(၅) ကူးသန်းရောင်းဝယ်ဖောက်ကားရာ ထွက်လမ်းဝင်လမ်းများကို ပိတ်ပင်ခြင်း မပြုရကန္ဒာရဝတီနယ်နိမိတ်အတွင်း၌ နွားဝန်တင်များနှင့် ကုန်သည်များအား လုယက်တိုက်ခိုက်၊အနှောက်အယှက် တစုံတရာပြုခဲ့သော် ရှမ်းပြည်နယ်ခြားဝန် မှ ချမှတ်သော လျော်ကြေးများကို ပေးအပ်ရမည်။
(၆) ရှမ်းပြည်နယ်ခြားဝန်၏ သဘောအရ ကန္တာရဝတီနယ်နှင့် စပ်လျဉ်းသော အကြောင်း အခြင်းအရာသိလွယ်ရန် ကိုယ်စားလှယ်တယောက်လွှတ်၍ နယ်ခြား ဝန်၏ ဌာနချုပ်တွင် နေထိုင်ရန်။
(၇) ရှမ်းပြည်နယ်ပယ်များနှင့် အချင်းများခဲ့သော် မကျေနပ်မှုကို ရှမ်းပြည်နယ်ခြားဝန် ထံ အကြောင်းပြလျှောက်ထားရမည်။ ထိုဝန်ကြီး၏ အဆုံး အဖြတ်ကို နာခံရမည်။ ကရင်နီတိုင်းရင်းသားများက ၎င်းတို့နယ်ပယ် အပြင်အပသို့ ထွက်၍ ကျူးကျော် သောင်းကျန်းတိုက်ခိုက်ခြင်း ပြုခဲ့သော် နယ်ခြားဝန်၏ ဆုံးဖြတ်သတ်မှတ်သော လျော်ကြေးများကို ပေးဆောင်ရမည်။
(၈) ကန္ဒာရဝတီနယ်သို့ဖြတ်၍ မီးရထားလမ်းဆက်သွယ်ဖောက်လုပ်ရန် အိန္ဒိယ အစိုးရက လိုလားခဲ့သော် လိုအပ်သည့်မြေကို အခမဲ့ပေးလျက် ထိုအစိုးရအား တတ်အားသရွေ့ ကူညီရမည်
(၉) ဘုရင်ခံချုပ်ကောင်စီကမျိုးယစ်ခွန်ဆောင်ရန် သတ်မှတ်ထားသော ဘိန်း၊ အရက် သေစာ စသော > ပစ္စည်းဝတ္တုများကို ကရင်နီနယ်မှ မြန်မာပြည်တွင်းသို့ ဥပဒေအရ သတ်မှတ်ထားသော အခွန်အကောက်မပေးဆောင်ဘဲ မသွင်းရ။
(၁ဝ) ရာဇဝတ်ကျူးလွန်၍ ကန္ဒာရဝတီနယ်တွင်းသို့ ဝင်ရောက်ခိုအောင်းနေသော ဝရမ်းပြေးများကို ဖမ်းဆီးရန်လာသော ဗြိတိသျှအရာရှိများအား ကူညီဖမ်းဆီး ပေးအပ်ရမည်။
(၁၁) ဗြိတိသျှနယ်သူနယ်သား တဦးတယောက်သည် ကန္ဒာရဝတီနယ်အတွင်း ရာဇဝတ်ပြစ်မှု တစုံတရာ ကျူးလွန်ခဲ့သော် ထိုပြစ်မှုကျူးလွန်သူတို့ကို တရား ဥပဒေစီရင်ခွင့် မရှိစေရ၊ အကြောင်းအားလျော်စွာ ရှမ်းပြည်နယ်ခြားဝန်ထံ လျှောက်ထားရမည်
(၁၂) အထက်မြန်မာပြည်တိုင်းမင်းကြီး၏ အခွင့်အာဏာတစုံတရာမရှိဘဲ ကရင်နီပြည် နယ်သူနယ်သား မဟုတ်သော သူကို ကရင်နီပြည်အမှုထမ်း၊ အရာထမ်း မခန့် အပ်ရ။
ကရင်နီနယ်များသည် ရှမ်းနယ်များကဲ့သို့ မဟုတ်ဘဲ မည်သည့်အခါတွင်မျှ ဗြိတိသျှ -အိန္ဒိယ အစိတ်အပိုင်းတခုအဖြစ် မတည်ရှိခဲ့ပေ။ သို့ရာတွင် အိန္ဒိယရှိ မဟာရာဇာ စော်ဘွားများ အုပ်ချုပ်သည့် နယ်များနှင့် တူညီသည့် အဆင့်အတန်း ကိုမူ ရရှိခဲ့သည်။
အိန္ဒိယနယူးဒေလီတွင် ကရင်နီစောဖျာများနှင့် ရှမ်းစော်ဘွားအချို့အတူတွေ့ရစဉ်
၁၈၅၈ ခုနှစ်တွင် အိန္ဒိယပြည်အုပ်ချုပ်ရေးကို ဗြိတိသျှဘုရင်မင်းမြတ်က အရှေ့အိန္ဒိယ ကုမ္ပဏီထံမှ လွှဲပြောင်းယူလိုက်ပြီးသည့် နောက်ပိုင်းတွင် အိန္ဒိယမဟာရာဇာ စော်ဘွား များ အုပ်ချုပ်သည့် နယ်များအပေါ် ထားရှိသော ဗြိတိသျှအစိုးရ၏မူဝါဒမှာ အပြောင်း အလဲ ဖြစ်လာခဲ့သည်။ ဗြိတိသျှတို့၏ မူဝါဒသစ်မှာ ၁၈၄၁ ခုနှစ်တွင် ကျင့်သုံးခဲ့သည့် မူဝါဒနှင့် ဆန့်ကျင်ဘက် ဖြစ်သည်မူဝါဒဟောင်းအရ ဗြိတိသျှတို့သည် နယ်မြေများ သိမ်းပိုက်ခြင်းနှင့် အခွန်တော် တိုးပွားအောင်လုပ်ခြင်းတို့ကို အဓမ္မလုပ်ဆောင်ခဲ့ကြ သည်။ ဘုရင်ခံချုပ် လော့ဒ်ဒါလ်ဟိုဇီ လက်ထက်တွင် နယ်မြေများ သိမ်းပိုက်ခြင်းကို အစွမ်းကုန် လုပ်ဆောင်ခဲ့သည်။ ပြောင်းလဲလာသော မူဝါဒသစ်အရ နယ်မြေများကို အပြီးအပိုင် သိမ်းပိုက်ခြင်းထက် ဩဇာလွှမ်းမိုးလာနိုင်အောင် ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းကို ဗြိတိသျှတို့က ပိုမိုလိုလားခဲ့သည်သို့ဖြစ်၍ ကရင်နီနယ် များကို သိမ်းပိုက်ခြင်းမပြုဘဲ လွတ်လပ်သော သီးခြားဒေသအဖြစ် ထားရှိခဲ့သည်။ ကရင်နီနယ်များမှာ လွတ်လပ်သော သီးခြားဒေသဖြစ်သည်ဟု ဆိုသော်ငြားလည်း ဗြိတိသျှတို့က ကရင်နီနယ်များကို ရှမ်းပြည်ကဲ့သို့ပင် သဘောထားဆက်ဆံခဲ့သည်ကရင်နီအကြီးအကဲများအား ပေးအပ်ခဲ့သော ဆာနဒ်တွင် ပါရှိသည့် အချက်တချက် တွင်- “သင်သည် သင့်ပြည်နယ်၏ ပြည်တွင်းရေးနှင့် ပတ်သက်၍ဖြစ်စေအခြားသော ပြည်နယ်များနှင့် ဆက်ဆံရေးနှင့် ပတ်သက်၍ ဖြစ်စေ၊ ရှမ်းပြည်မှုဆိုင်ရာ အရေးပိုင်ကသင့်အား ပေးသောအကြံဉာဏ်ကို လက်ခံပြီး ၎င်းအကြံဉာဏ်အတိုင်း လိုက်နာဆောင် ရွက်ရမည်” ဟု ပါရှိခဲ့သည်။
ဗြိတိသျှတို့ ဗမာပြည်မှ ပြန်လည်မထွက်ခွာခင် ဂုဏ်ပြုအပ်နှင်းထားခဲ့သော ဒိုင်းရုပ်
ဤ ဥပဒေပြဋ္ဌာန်းမှုကြောင့် ဗြိတိသျှတို့နှင့် အနောက်ကရင်နီ ခေါင်းဆောင်များက အငြင်းပွားမှုဖြစ်ခဲ့သည်။ သို့သော် အနောက်ကရင်နီသည် ဗြိတိသျှ-အိန္ဒိယ အုပ်ချုပ် ရေး၏ အပြင်အပတွင် ဆက်လက်ရပ်တည်မြဲ ရပ်တည်ခဲ့သည်၁၈၉၂ ခုနှစ်တွင် ဗြိတိသျှတို့၏ ကလိမ်ကျမှုကို မခံမရပ်နိုင်သဖြင့် တောင်ငူရှိ မြို့ စားသူးရီမှ ကရင်နီ လူမျိုးစုများအားလုံးကို စုရုံးလျက် တပ်အင်အား တထောင်ကျော်ဖြင့် လွိုင်ကော်တွင် အခြေစိုက်သော ဗြိတိသျှအခြေခံစခန်းကို တိုက်ခိုက်ခဲ့သည်။ သို့သော် မြို့စား သူးရီ ကိုယ်တိုင် တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့သဖြင့် တပ်ဆုတ်ပြန်ခဲ့ရသည်။ ၁၉၁၈ ခုနှစ် တွင် စုပေါင်းဖွဲ့စည်းထားသော ရှမ်းပြည်အောက်တွင် ကရင်နီပြည် ထည့်သွင်းသွားရန် အဆိုတင်သွင်းခဲ့သည်ဤ ကိစ္စအား မစ္စတာစတာလင်အား အကြံဉာဏ်တောင်းရာ တွင် မစ္စတာစတာလင်က လက်မခံသဖြင့် ဤကိစ္စကို ရပ်ဆိုင်းထားခဲ့သည်။ ၁၉၂ဝ ခုနှစ်တွင် ကရင်နီခေါင်းဆောင်များအား ပေါင်းစုမှုတွင် ပါဝင်ရန် မေးမြန်းသည့်အခါ ကရင်နီခေါင်းဆောင်များကလည်း ငြင်းဆိုခဲ့သည်။ ထို့ကြောင့် ကရင်နီတို့တွင် ရှိနေ သည့် ငွေရေးကြေးရေး အခက်အခဲကို လက်ကိုင်ပြုပြီး ပါဝင်ပေါင်းစုခြင်းကို လက်မခံ ပါက ပေးနေသည့် ပညာရေးနှင့် ကျန်းမာရေးထောက်ပံ့မှုများကို (၁၀) နှစ်နောက်ပိုင်း ၌ ရပ်ဆိုင်းသွားမည်ဟု ကရင်နီခေါင်းဆောင်များကို ခြိမ်းခြောက်ခဲ့သည်။ အမှန် တကယ်လည်း အဆိုပါ ထောက်ပံ့မှုကို ဗြိတိသျှတို့က ရပ်ဆိုင်းထားခဲ့သည်စုပေါင်း ထားသော ပြည်နယ်များအတွင်း ကရင်နီတို့ပါဝင်ရန် အတင်းအကျပ်မပြုလုပ်သင့်၊ သို့သော် ငွေရေးကြေးရေး အကျပ်အတည်းကို အကြောင်းပြုပြီး ပါဝင်ရန် တိုက်တွန်း သင့်သည်ဟု သဘောထား ချမှတ်ခဲ့သည်။
၁၉၄၀ ခုနှစ် ဩဂုတ်လ (၁၉ -၂ဝ) ရက်များ၌ ဘောလခဲမြို့စားအား စုပေါင်းထား သော ပြည်နယ်အတွင်း ပါဝင်သွားရန် ဆွေးနွေးခဲ့ရာတွင် သူ့အနေနှင့် တစိတ်တပိုင်း ဆန္ဒရှိဟန်ပြခဲ့သော်လည်း ဗမာပြည်နှင့် ဆက်စပ်ရန် ထိတ်လန့်နေခြင်းနှင့် သံသယ မကင်းစိတ် ဖြစ်နေခြင်းတို့ကြောင့် ဗြိတိသျှတို့၏ စည်းရုံးသွေးဆောင်မှုမှာ မအောင် မြင်ခဲ့ပေကရင်နီတို့အား အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးအာဏာ လုပ်ပိုင်ခွင့်ကို ပိုမို ပေးထားပါက အလိုအလျောက်ပါဝင်လာနိုင်စရာ ရှိသည်ဟုလည်း သုံးသပ်ခဲ့ကြသည်။ ၁၉၄၂ ခုနှစ် ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် ဆင်းမလား၌ ပြုလုပ်သော မစ်ချယ် ကော်မရှင် အစည်းအဝေးတွင်လည်း တောင်ငူနယ်ပယ်သထုံနယ်ပယ်များကို သံလွင်ခရိုင်နှင့် ကရင်နီနယ်တို့ ပေါင်းစပ်ပြီး ကျယ်ပြန့်သော ကရင်စုပေါင်းနယ်ဖြစ် လာရန် စီစဉ်ခဲ့ကြသည်။
သို့သော်လည်း ၁၉၄၃ ခုနှစ်တိုင်အောင် အဆိုပါကိစ္စကို ဆောင်ရွက်နိုင်ခြင်း မရှိ သဖြင့် ရပ်ဆိုင်းထားခဲ့သည်။ ဗမာပြည်အုပ်ချုပ်ရေး လက်ထောက်အတွင်းဝန် ဖြစ်သူ Mc Guire က ပေါင်းစပ်ထားသော ပြည်နယ်အတွင်း ကရင်နီတို့က အလိုအလျောက် ပါဝင်လာမည်ဟူသော ယူဆချက်နှင့် ဆွေးနွေးမှုပြုလုပ်နေလျှင် သံသယရှည်နေရုံ သာရှိမည်ဟု အမြင်ရှိပြီး အပြတ်ရှင်းလိုသော သဘောထားရှိသူ ဖြစ်သည်။ သို့သော် ဗြိတိသျှ-ဘားမားတွင် ကရင်နီ ပါဝင်ရေးကို သဘောတူခဲ့သော်လည်း တရားဝင်သိမ်း ပိုက်ခြင်း မပြုလုပ်လျှင် ပို၍ကောင်းမည်ဟု ဆိုပါသည်။ လန်ဒန် ဆုံးဖြတ်ချက်အရ ကရင်နီအား ဗြိတိသျှ-ဘားမားအစိတ်အပိုင်းအဖြစ် အက်ဥပဒေ အပိုင်း (၁) ရှိ နယ်မြေ တွင် အကျုံးဝင်ရေးအတွက် ကရင်နီအား သိမ်းပိုက်မည်လော၊ သို့မဟုတ် အလို အလျောက်ခေါင်းဆောင်များ ကိုယ်တိုင်ပါဝင်လာခြင်းလော၊ သို့မဟုတ် ကောင်စီ၏ အမိန့်အရ ပါဝင်လာခြင်းမျိုးဖြစ်အောင် ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။
ကရင်နီပြည်အား သိမ်းပိုက်မည့်အရေးနှင့်ပတ်သက်ပြီး ရန်ကုန်၊ အိန္ဒိယနှင့် လန်ဒန် တို့တွင် မေးမြန်းမှုပြုလုပ်ရာ၌ အောက်ပါအဖြေများကို တွေ့ရှိရသည်။
- ၁၈၇၃ ခုနှစ်က ကရင်နှင့် ဗမာတို့က သဘောတူခဲ့ပြီး အိန္ဒိယတို့က သဘောမတူ ခဲ့ပါ။
- ၁၈၇၄ ခုနှစ်တွင် ဗမာက သဘောတူပြီး အိန္ဒိယတို့က သဘောမတူခဲ့ပါ
- ၁၈၉ဝ ခုနှစ်တွင် အရ) ဗမာက သဘောမတူခဲ့ပါ(ကော်မရှင်မင်းကြီး၏ ဆုံးဖြတ်ချက်
- ၁၈၉၁ ခုနှစ်တွင် ဗမာက သဘောတူပြီး အိန္ဒိယက သဘောမတူခဲ့ပါ(သို့သော် ဆာနဒ်ဥပဒေ ပြဋ္ဌာန်းခဲ့သည်။)
- ၁၉၁၈ ခုနှစ်တွင်ချက်အရ ဗမာက သဘောမတူခဲ့ပါ(မစ္စတာစတာလင်၏ အကြံပြုချက်)
- ၁၉၂ဝ ခုနှစ်တွင် ဗမာက သဘောတူပြီး ကရင်တို့က သဘောမတူခဲ့ပါ
- ၁၉၂၆ ခုနှစ်တွင် ဗမာက သဘောမတူပါ(ဘုရင်ခံမင်းကြီး၏ ဆုံးဖြတ်ချက် အရ)
- ၁၉၃၉ ခုနှစ်တွင် ဗမာက သဘောတူပြီး ကရင်က သဘောမတူခဲ့ပါ၁၉၄၀ ခုနှစ်တွင် ဗမာက သဘောတူပြီး ကရင်က သဘောမတူခဲ့ပါ
- ၁၉၄၂ ခုနှစ်တွင် ဗမာက သဘောတူသည်။ (တောင်တန်းဒေသကော်မတီ၏ ထောက်ခံချက်အရ)
- ၁၉၄၃/၄၅ ခုနှစ်များတွင် ဗမာက သဘောတူပြီး ဗြိတိသျှအစိုးရကလည်း သဘော တူခဲ့သည်။ (အလိုအလျောက်ပါဝင်လာရန် သွေးဆောင်ရန်မရပါက အာဏာသုံး ရန် ဆုံးဖြတ်ခဲ့သည်။)
- ၁၉၄၆ ခုနှစ်တွင် ဗမာက သဘောတူပြီး ဗြိတိသျှအစိုးရက လက်ဆုပ်လက်ကိုင်ထိန်းထားရန် ပြောခဲ့သည်။ သို့သော် ကရင်က သဘောမတူခဲ့ပါ။
ဤသို့ ကရင်နီအား တောင်တန်းဒေသအုပ်ချုပ်ရေးဘုတ်အဖွဲ့နှင့် ပေါင်းစည်းရေးဗမာပြည်နှင့် ပူးပေါင်းရေးအပြင် ကျယ်ပြန့်သော ကရင်ပြည် တည်ထောင်ရေးတွင်ပါဝင် ရေးတို့အပေါ် ကရင်နီခေါင်းဆောင်များ၏ အမြင်ကို မစ္စတာ စတီဗင်ဆင်က “သူတို့ သည် မကြာခဏ ခြိမ်းခြောက်ခြင်းခံရမှုနှင့် ဖိတ်ကြားခြင်း ခံရသည့်အပေါ် သံသယ စိတ်များ ပေါ်ပေါက်လျက်ရှိသည်။ ကရင်တို့မှ အဓိက သံသယဖြစ်နေသည်မှာ ကရင်နီ တို့တွင် ရှိနေသည့် အဖိုးတန်သည့် အရာတခုကို ဗြိတိသျှတို့က ဆုပ်ယူထားလိုဟန် ရှိသည်ဟု ထင်မြင်နေသည်။ ကရင်နီတို့ကလည်း မိမိတို့၏ သီးခြားလွတ်လပ်ရေးကို ဝကွက်အပ်လိုက်ပါက ဗြိတိသျှတို့အနေဖြင့် ဗမာပြည်မှ ထွက်ခွာသွားသည့်အခါ မိမိ တို့၏ မူလအခွင့်အရေး ရပိုင်ခွင့်များကို မိမိတို့သဘောဆန္ဒတူညီမှ မပါဘဲ ဗမာလက် အောက်သို့ လွှဲပြောင်း ပေးလိုက်မည်ကို စိုးရိမ်သည့် အချက်လည်းပါဝင်သည်” ဟုဆို ပါသည်
ကရင်နီပြည်သိမ်းသွင်းရေးဆွေးနွေးပွဲများ၏အဓိကရည်ရွယ်ချက်မှာ “ကျန်ုပ်တို့၏ အကျိုးအမြတ်ကို ရည်ရွယ်ခြင်း မဟုတ်ဘဲ ကရင်နီအုပ်ချုပ်ရေး တိုးတက်မှုနှင့် မော်ချီး သတ္တုတွင်း၏ အခွန်ဝင်ငွေကို စနစ်တကျထိန်းသိမ်းနိုင်ရန်သာ ဖြစ်သည်” ဟု စတီ ဗင်ဆင်က ဆိုပါသည်။ မစ္စတာစတီဗင်ဆင်က ဗြိတိသျှတို့အနေဖြင့် စစ်ကြီးအတွင်း က ကရင်နီနှင့် ကရင်တို့အားပေးဆပ်ရန် အကြွေးရှိသည် ဟုလည်း ဆိုပါသည်
စစ်ကြီးအတွင်းတွင် နှစ်ကြိမ်တိုင်အောင် ဗြိတိန်နိုင်ငံအပေါ် သစ္စာရှိစွာ ပါဝင်တိုက် ခိုက်ပေးခဲ့ခြင်းသည် အရေးပါပြီး အဓိကကျသည့် ပြောင်မြောက်သော စစ်ဗျူဟာ တရပ် ဖြစ်ကြောင်း၁၉၄၂ ခုနှစ် မော်ချီးလမ်းတိုက်ပွဲတွင် ပိတ်ဆို့ခံရသော အင်္ဂလိပ် နှင့် တရုတ် တပ်အမှတ် (၅) တို့ကို လွတ်မြောက်အောင် ရွပ်ရွပ်ချွံချွံဖြင့် ဂျပန်တပ်များ ကို တိုက်ခိုက်ကျဆုံး စေနိုင်ခဲ့သည့်အပြင် ၁၉၄၅ ခုနှစ်တွင် အဆိုပါ မော်ချီးလမ်းမကြီး တွင်ပင် တောင်ငူသို့ စစ်ကူအဖြစ် ချီတက်လာသော ဂျပန်တပ်မ (၁၅) ကို ကြားဖြတ်ဖြိုခွဲပေးနိုင်ခဲ့သဖြင့် ဗြိတိသျှတို့ဦးစီးသည့် မဟာမိတ်တပ်ဖွဲ့များ အသက်ရှူချောင်သွား ခဲ့သည်ဟု တောင်တန်းဒေသ အုပ်ချုပ်ရေးဘုတ်အဖွဲ့၏ အတွင်းဝန်ဖြစ်ခဲ့သူ မစ္စတာ စတီဗင်က သူ၏ ၂၄-၆-၁၉၄၆ ခု မှတ်တမ်းတွင် ဖော်ပြထားသည်။ သူက “ကရင်နီ တို့သည် ကျန်ုပ်တို့၏ သနားကြင်နာမှုနှင့် ကူညီမှုကို ခံစားထိုက်သည်။ သူတို့က ကျန်ုပ် တို့အား အကြွေးပြန်ဆပ်လိမ့်မည်ဟု မကြာမီကာလထိတိုင် ယုံကြည်နေဆဲ ဖြစ်သည်။ သို့သော် ယေဘုယျအားဖြင့် ကျန်ုပ်တို့၏ လှုပ်ရှားမှုအပေါ်ကြည့်ပြီး ထို ယုံကြည်မှုမှာ လျော့ပါးလာသည်ကို တွေ့ရသည်” ဟု မှတ်ချက်ပြုရေးသားထားသည်။
"Karennis deserves our symparthy and help. They have until very recently been confident that we would repay our debt. But they are now losing that confidence and with it their trust in our motives in general."
ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့တွင် ကရင်နီနယ်၏ အုပ်ချုပ်ရေးကို ကွပ်ကဲရန်အတွက် အင်္ဂလိပ်တို့က မေဂျာဂရေဟန် (Major Graham) နှင့် ဂီးလ်ဘတ်ကရာစူတို့ နှစ်ဦးကို လွိုင်ကော်သို့ စေလွှတ်ခဲ့ပြန်သည်။ ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလတွင် တောင်တန်းဒေသဆိုင်ရာမင်းကြီး မစ္စတာစတီဗင်ဆင်သည် လွိုင်ကော်သို့ ဆိုက်ရောက်လာပြီး ကရင်နီခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ ကရင်နီခေါင်းဆောင်များဖြစ်ကြသည့် ဂိုဘီတူရီ၊ စောဖျာ စောရွှေစောဖျာ စောရွှေဟုန် နှင့် သိုင်းဘဟန်တို့မှ စစ်ကြီးအတွင်း ကရင်နီပြည်သည် ပြာအတိကျခဲ့သဖြင့် တိုင်း ပြည်ပြန်လည်ထူထောင်ရန် အရေးတကြီး လိုအပ်နေသည်။ ထို့ကြောင့် မစ္စတာ စတီဗင်ဆင်အား ကရင်နီကို စစ်လျော်ကြေးပေးရန်စစ်တပ်ဖွဲ့ ဖွဲ့စည်းရာတွင် ကူညီရန်၊ တူးမြောင်းဖောက်လုပ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေး ထူထောင်ရာတွင် ကူညီပေးရန် တောင်းဆိုခဲ့သော်လည်း မစ္စတာစတီဗင်ဆင်မှ အကူအညီပေးရန် လူ ရောက်လာခြင်း မဟုတ်ဟု တုံ့ပြန်ခဲ့သည်သို့သော် ဗမာပြည်အား မကြာမီ လွတ်လပ် ရေးပေးရန် အလားအလာရှိနေသည့်အပေါ် ကရင်နီအား တောင်တန်းဒေသအုပ်ချုပ် ရေး ဘုတ်အဖွဲ့အတွင်း ပါဝင်သွားရန် မစ္စတာစတီဗင်ဆင်က တိုက်တွန်းခဲ့သည်။ ဗမာ ပြည်မှ အင်္ဂလိပ်တို့ ပြန်လည်မထွက်ခွာမီတွင် စစ်အတွင်းက ရက်စက်ကြမ်းကြုတ်သည့် ဂျပန်တို့အား ကူညီတိုက်ခိုက်ပေးမှုအတွက် ကရင်နီများကို ဂုဏ်ပြုသည့် စာတမ်း လွှာဒိုင်းပြားအား ပေးအပ်ခဲ့သည်။ “နေဝင်ချိန်မှ နေထွက်ချိန်တိုင်အောင် အစဉ်သတိ တရရှိ နေလိမ့်မည်” ဟု ဒိုင်းပြားအောက်စတွင် ရေးသားထားခဲ့သည်။
ကရင်နီပြည်ခေါင်းဆောင်များနှင့် ဗမာပြည်ခေါင်းဆောင်များ ရန်ကုန်တွင် ၁၉၄၆ ခုနှစ်က ချစ်ကြည်ရေးအမှတ်တရ ဓါတ်ပုံရိုက်ခဲ့စဉ်
နောင်လွတ်လပ်လာပည့် ဗမာပြည်နှင့် ပူးပေါင်းရေး၊ မပူးပေါင်းရေး
ဗမာပြည်အတွင်း အင်္ဂလိပ်တို့ လွှမ်းမိုးအုပ်ချုပ်နေစဉ် ကာလတလျှောက်တွင် ကရင်နီပြည်အရေးနှင့် ပတ်သက်၍ အင်္ဂလိပ်အစိုးရက လည်းကောင်းဗမာတို့က လည်းကောင်းထို့အပြင် ကရင်များက လည်းကောင်း ကျယ်ပြန့်သော ကရင်ပြည်ထူ ထောင်ရေးကို အားထုတ်ခဲ့သဖြင့် ကရင်နီပြည်အရေးသည် အားထုတ်နေကြသည့် အုပ်စုများအကြား ခြေချင်းရှုပ်ထွေးနေခဲ့ကြသည်။
၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် ဘောလခဲမြောက်ပိုင်းရှိ ဂိုဘီတူရီ ရုံးစိုက်ရာ မြလဲရွာတွင် ကရင်နီခေါင်းဆောင်များ တွေ့ဆုံခဲ့ကြပြီး “တောင်တန်းဒေသ အုပ်ချုပ်ရေးဘုတ်အဖွဲ့နှင့် ပူးပေါင်းမည်လောလွတ်လပ်လာမည့် ဗမာပြည်မနှင့် ပူးပေါင်းမည်လော” ဆွေးနွေးခဲ့ကြရာ တောင်တန်းဒေသ အုပ်ချုပ်ရေးဘုတ်အဖွဲ့တွင် ပညာရေးကျန်းမာရေးနှင့် စီးပွားရေးတို့၌ ဘာမျှမရှိသေးသဖြင့် ပူးပေါင်းစရာရှိက ဗမာပြည်မနှင့်သာ ပူးပေါင်းသင့်သည်ဟု ယေဘုယျအမြင်ဖြင့် ဆုံးဖြတ်ချက်ချခဲ့ကြ သည်သို့သော် ထိုသဘောထားကို ဂိုဘီတူရီက သဘောမတူဘဲ နေခဲ့သည်။ မှတ်ချက်။ ။ (ဗမာတို့ရေးသားသော သမိုင်းများတွင် ဦးဘီတူရယ်ဟု ဖော်ပြထားသည်ဤ စာတမ်း တွင်မူ ဂိုဘီတူရီဟုသာ ဖော်ပြသွားပါမည်။)
ဤသို့ ပြောင်းလဲလာနေသော နိုင်ငံရေးကာလမျိုးတွင် ကရင်နီနယ်များ အရေး သည် အရေးတကြီးစဉ်းစားဆုံးဖြတ်ရမည့် အခြေအနေနှင့် ကြုံလာနေကြောင်း နယ် အသီးသီးမှ အကြီးအကဲများ၊ ခေါင်းဆောင်များက သိမြင်လာသဖြင့် ကရင်နီလွှတ် တော် (ကောင်စီ) တရပ် ဖွဲ့စည်းရန် လိုအပ်လာသည်ဟု ဆုံးဖြတ်ခဲ့ကြသည်သို့ဖြင့် ၁၉၄၆ ခုနှစ် ဧပြီလ (၃) ရက်နေ့တွင် ကရင်နီ၊ ပုဒေါင်ကောင်စီ တရပ်ကို ဖွဲ့စည်းခဲ့ကြ သည်ကောင်စီဥက္ကဋ္ဌအဖြစ် ဦးစိန်ကို ရွေးချယ်ကြပြီး အတွင်းရေးမှူးအဖြစ် ဦးဘ သောင်းကို ရွေးချယ်ကြသည်။ ကောင်စီ၏ အဖွဲ့ဝင်လူကြီးများအဖြစ် နယ်တနယ်လျှင် နယ်ရှင်တဦးစီနှင့် လူထုခေါင်းဆောင် (၃) ဦးကျပေါင်း (၄) ဦးစီဖြင့် နယ် (၄) နယ် အတွက် (၁၆) ဦးထားရှိရန် သဘောတူခဲ့ကြသည်။ သို့သော် အချိန်တိုအတွင်း၌ပင်ကရင်နီ၊ ပုဒေါင်ကောင်စီဖွဲ့စည်းခြင်းသည် ဗမာပြည်နှင့် ပူးပေါင်းရန် ကြံရွယ်ချက်ရှိ သည်ဟု ဗြိတိသျှတို့မှ ရိပ်စားမိသဖြင့် ထိုကောင်စီအား ဖျက်သိမ်းနိုင်ရေးအတွက် အတွင်းကျိတ်ခြေထိုးမှုများ ပြုလုပ်လာပြန်သဖြင့် ကောင်စီအား ဖျက်သိမ်းခဲ့ရသည်ထိုနောက် ၁၉၄၆ ခုနှစ် စက်တင်ဘာလ (၁၁) ရက်နေ့တွင် လွတ်လပ်သော ကရင်နီ ပြည်ထောင်စုကောင်စီ (United Karenni Independent States Council-UKISC) ဟူ၍ အစိုးရတရပ်ကို ဖွဲ့စည်းလိုက်သည်တဆက်တည်းမှာပင် ဘောလခဲ၊ ကြယ်ဖိုး ကြီးနှင့် ကန္ဒာရဝတီနယ်တို့ကို ပေါင်းစုကာ သီးခြားကရင်နီပြည်အဖြစ် သတ်မှတ် ကြေညာခဲ့သည်ထိုနောက် စက်တင်ဘာလ (၁၂) ရက်နေ့တွင် ကျင်းပသည့် လွတ် လပ်သော ကရင်နီပြည်ထောင်စုကောင်စီ အစည်းအဝေးတွင် အောက်ပါဆုံးဖြတ်ချက် များကို ချမှတ်ခဲ့ကြသည်။
(၁) ပြဋ္ဌာန်းထားသော ဥပဒေများ၊ အမိန့်များ တပြေးညီဖြစ်ရေးနှင့် လွတ်လပ်သော ကရင်နီပြည်ထောင်စုအတွင်း အခွန်တော် တပြေးညီ ကောက်ခံရေးအတွက် ဓလေ့ထုံးတမ်း ဥပဒေများကို ပြုပြင်၍ အာဏာအပြည့်အဝရှိသော အစိုးရဖွဲ့စည်း ရန်။
(၂) အရေးကြုံလာလျှင် ညီညွတ်သော တပ်ပေါင်းစု ဖွဲ့စည်းရန်။
(၃) ကုန်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးဘဏ္ဍာရေးပြည်တွင်းလုံခြုံရေးနှင့် ကာကွယ်ရေးတို့ကို တိုးတက် အောင် ဆောင်ရွက်ရန်။
(၄) နယ်အချင်းချင်း ဆက်ဆံရေးတွင် အပြန်အလှန်နားလည်မှု မြှင့်တင်ရန်
(၅) သတ္တုတူးဖော်ရေးနှင့် သစ်ထုတ်လုပ်ရေးအတွက် အငှားချထားသည့် စာချုပ်များ ကို အသစ်ပြင်ဆင်၍ ကရင်နီနယ်များနှင့် ဖက်စပ်ထိန်းသိမ်းလုပ်ကိုင်ရေး အတွက်ပန်ကြားရန်။
(၆) ပြည်နယ်များအတွင်း လုံခြုံရေးအတွက် ပြည်ထောင်စုပုလိပ်အဖွဲ့ ဖွဲ့စည်းရန်။
(၇) ပြည်သူလူထုအသွားအလာရှိသော မော်ချီးတောင်ငူလမ်းကို ပိတ်ထားသည့် ကိစ္စနှင့်ပတ်သက်၍ မော်ချီးသတ္တုတွင်းလီမိတက်နှင့် ဆွေးနွေးညှိနှိုင်းရန်။ (၈) အိမ်နီးချင်းနယ်များနှင့် လည်းကောင်း၊ ဗြိတိသျှအစိုးရနှင့် လည်းကောင်း ညှိနှိုင်း၍ အခွန်အကောက်များကို ကောက်ခံရန်
(၉) ပြည်နယ်အတွင်း အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုများကို စွန့်လွှတ်၍ ပြည်နယ်အတွင်း ဘဏ္ဍာရေးရာကိစ္စများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ အခွန်စည်းကြပ်မှုကိစ္စများနှင့် ငွေ ကြေးစုဆောင်းမှုကိစ္စ စသည်တို့ကို ဆောင်ရွက်နိုင်ရေးအတွက် ဘဏ်တိုက် တတိုက် ဖွင့်လှစ်ပေးရေးအတွက် ဗြိတိသျှအစိုးရအား ပန်ကြားရန်။
(၁ဝ) ကရင်နီတို့ မျိုးချစ်စိတ် ထက်သန်လာစေရေးအတွက် ကရင်နီအမျိုးသား အလံအမျိုးသားသီချင်းတို့ကို လွှင့်ထူသီဆိုစေပြီး အခမ်းအနားတိုင်းတွင် အမျိုးသား ဝတ်စုံကို ဝတ်ဆင်ရေးအတွက် အားပေးလှုံ့ဆော်ရန်။
(၁၁) လွတ်လပ်သော ကရင်နီပြည်ထောင်စုအတွင်း လွတ်လပ်စွာ ဟောပြောခွင့်၊ လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်ခွင့်များ ပေးရန်။
(၁၂) လွတ်လပ်သော ကရင်နီပြည်ထောင်စုအတွင်း နေထိုင်ကြသည့် ကရင်မျိုး နွယ်ဝင်များအားလုံးနှင့် ကရင်နီနယ်သားအဖြစ် ခံယူထားသူအားလုံးကို ကရင်နီ ထုံးတမ်းစဉ်လာဥပဒေဖြင့် စီရင်အုပ်ချုပ်ရန်
(၁၃) ပြည်နယ်များက မလိုလားသဖြင့် နယ်နှင်ဒဏ်ပေးခြင်း ခံရသူများ၏ အယူခံလွှာ များကို စိစစ်လက်ခံရန်
(၁၄) အမျိုးသားလုံခြုံရေးအတွက် ဗြိတိသျှအစိုးရနှင့် လည်းကောင်း၊ ဖွံ့ဖြိုးရေးအတွက်အစိုးရအဖွဲ့တခုခုနှင့် လည်းကောင်း လွတ်လပ်စွာ ဆွေးနွေးညှိနှိုင်းခွင့် ရှိရန်။ (၁၅) လွတ်လပ်သော ကရင်နီပြည်ထောင်စုကောင်စီဖွဲ့စည်းခြင်း၊ ကောင်စီအစည်း အဝေးတွင် ဆုံးဖြတ်ချက်များချခြင်း၊ ၁၉၄၆ ခုနှစ်က တည်ထောင်သည့် ကရင်နီ ပဒေါင်လွှတ်တော်ကောင်စီ ဖျက်သိမ်းခြင်းတို့ကို သတင်းစာများတွင် ကြေညာ ရန်နှင့် ဆုံးဖြတ်ချက်၏ မိတ္တူများကို ကရင်နီနယ်တွင် ရုံးထိုင်သော တောင်တန်း ဒေသ ဝန်ထောက်မှတဆင့် ဘုရင်ခံထံ အကြောင်းကြားရန်တို့ ဖြစ်သည်။
၁၉၄၇ ခုနှစ် ဧပြီလ (၁၄) ရက်နေ့တွင် ကရင်နီအနေဖြင့် နောင်လွတ်လပ်မည့် ဗမာပြည်နှင့် ပူးပေါင်းရေးမပူးပေါင်းရေး ကိစ္စအတွက် သဘောထားရယူရန် ရောက် လာခဲ့သော ရီးစ်ဝီလျမ်၏ ကော်မရှင်အဖွဲ့နှင့် မေမြို့ တွင် မိုးဗြဲနယ်မှ အကြီးအကဲ သိုင်းဘဟန်သည် ကရင်နီနယ် (၄) နယ်မှ နယ်ရှင်အကြီးအကဲများနှင့် အတူလိုက်ပါပြီး သွားရောက်တွေ့ ဆုံခဲ့ကြသည်ကြားနာတွေ့ဆုံပွဲတွင် ကရင်နီခေါင်းဆောင်များနှင့် အတူ မိုးဗြဲအကြီးအကဲ သိုင်းဘဟန်သည် နောင်လွတ်လပ်မည့် ဗမာပြည်နှင့် ပူးပေါင်း မည်မဟုတ်ကြောင်းပြည်သူလူထုများ၏ ဆန္ဒသဘောထားကို ရယူပြီးမှ အကြောင်း ပြန်မည်ဟု ပြောဆိုပြီးနောက် အောက်ပါ ပြည်သူလူထုတို့၏ သဘောထားပါဝင်သော သဘောထား (၁၀) ချက်ပါ စာတမ်းကို တင်ပြဆွေးနွေးခဲ့သည်။
(၁) လွတ်လပ်သော ကရင်နီနယ်များ၏ အခွင့်အရေးများကို မထိခိုက်စေလျှင် တောင်တန်းဒေသများနှင့် ပူးပေါင်းမည်။
(၂) တောင်တန်းဒေသများနှင့် ပူးပေါင်းဖြစ်ခဲ့လျှင် ကရင်နီကိုယ်စားလှယ်တဦးအားတောင်တန်းဒေသဗဟိုဦးစီးအဖွဲ့တွင် ကောင်စီဝင်အဖြစ် ခန့်ထားရမည်။ (၃) ကရင်နီနယ်များတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝပေးရမည်။
(၄) တောင်တန်းဒေသအုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်းသော်လည်း ကရင်နီပြည်သူ လူထုက ထိုအဖွဲ့မှ ခွဲထွက်လိုလျှင် ခွဲထွက်နိုင်ခွင့် ရှိရမည်။
(၅) နိုင်ငံခြားဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး၊ ဘဏ္ဍာရေးနှင့် ကာကွယ်ရေး စသည်တို့ကဲ့သို့သော အားလုံးနှင့် သက်ဆိုင်သည့် ကိစ္စများကို တောင်တန်းဒေသ ဗဟိုဦးစီးအဖွဲ့နှင့် ထိုအဖွဲ့တွင် ပါဝင်သော ကရင်နီကိုယ်စား လှယ်တို့ ညှိနှိုင်းဆောင်ရွက်ရန်။
(၆) ကရင်နီကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် လိုအပ်သော အကူအညီကို ကရင်နီ ဒေသ အင်အားမပြည့်စုံမီအတွင်း မြန်မာအစိုးရထံမှ ရယူမည်
(၇) ကောက်ခံရရှိသော အမြတ်တော်ခွန်ပြန်အမ်းငွေနှင့် အကောက်တော်ခွန်များ ကို ကရင်နီနယ်များက အချိုးကျရယူမည်
(၈) ကရင်နီ ပြည်တွင်းရေးရာကိစ္စများကို ဆောင်ရွက်ရန် အလို့ငှာ ကရင်နီပြည်နယ် များ ကောင်စီကို ဖွဲ့စည်းမည်။ ကောင်စီဝင်များကို လူထုက ရွေးချယ်တင်မြှောက် ရမည်ကရင်နီနယ်အတွင်း အနည်းဆုံး ခုနစ်နှစ်နေထိုင်သူများအား ကရင်နီ တိုင်းရင်းသားအဖြစ် မှတ်ယူမည်။
(၉) ကရင်နီပြည်သူလူထုသည် ဒီမိုကရေစီနိုင်ငံများတွင် ရရှိသော အခွင့်အရေး နှင့် အကျိုးကျေးဇူးများကို ရရှိခံစားနိုင်ရမည်။
(၁ဝ) ကရင်နီပြည်နယ်များကောင်စီသည် အမျိုးသားရသုံးငွေ ပြဋ္ဌာန်းခွင့်အာဏာ၊ ဥပဒေပြုအာဏာ၊ အမှုထမ်းများ ခန့်အပ်တာဝန်ချထားခွင့် အာဏာများ ရှိစေရ မည်။
၁၉၄၇ ခုနှစ် ဇွန်လ (၉) ရက်နေ့တွင် ပြုလုပ်ခဲ့သော တိုင်းပြုပြည်ပြုလွှတ်တော်တွင် အနာဂတ်ဗမာပြည်အတွက် အခြေခံဥပဒေမူကြမ်းရေးဆွဲရာ၌ ကရင်နီကိုယ်စားလှယ် တဦးမျှ ပါဝင်ခြင်းမရှိဘဲ အသစ်ပေါ်ထွန်းလာမည့် ကရင်ပြည်နယ်အတွင်း ကရင်နီပြည် အား အထူးဒေသတခုအဖြစ် ထည့်သွင်းထားခဲ့သည်။ အဆိုပါ တိုင်းပြုပြည်ပြုလွှတ် တော်သို့ တက်ရောက်ခဲ့သည့် မိုးဗြဲနယ်မှ ကိုယ်စားလှယ်တဦးဖြစ်သူ သိုင်းဘဟန်ကတိုင်းပြုပြည်ပြုလွှတ်တော် တက်နေရာမှ ကရင်နီပြည်သို့ ကမန်းကတန်း ကားဖြင့် ပြန် လည်ထွက်ခွာလာပြီး မိုဆိုတွင် အစည်းအဝေးထိုင်နေကြသည့် ကရင်နီခေါင်းဆောင် များကို အသိပေးအကြောင်းကြားခဲ့သည်။ ဤသည်ကို ကန့်ကွက်ရန်အတွက် စေလွှတ် လိုက်သော ဂိုဘီတူရီနှင့် စောသိန်းတို့သည် တိုင်းပြုပြည်ပြုလွှတ်တော်သို့ တက်ရောက် ခြင်းမပြုဘဲ အင်္ဂလိပ်ဘုရင်ခံနှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်းကရင်နီပြည်အား နောင်ပေါ်ထွန်းလာမည့် ကရင်ပြည်သစ်၏ အထူးဒေသတခုအဖြစ် ထည့်သွင်းထား ကြောင်း အသိပေးခဲ့သည်။ ဂိုဘီတူရီနှင့် စောသိန်းတို့သည် ကရင်နီသို့ ပြန်လာပြီး ၁၉၄၇ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျင်းပနေသည့် တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေးလက်ရှိဗမာပြည် နိုင်ငံရေးအခြေအနေတို့နှင့် စပ်လျဉ်းသော သဘော ထားထုတ်ပြန်ချက်တစောင်ကို ထုတ်ပြန်ခဲ့သည်ထိုနောက် ၁၉၄၇ ခုနှစ် နိုဝင်ဘာလ တွင် လွတ်လပ်သော ကရင်နီပြည်ထောင်စုကောင်စီ (UKSIC) အား နိုင်ငံရေးအရ ထောက်ကူရန် ကရင်နီအမျိုးသားအဖွဲ့ချုပ် (Karenni National Organi- zation) ကို ဖွဲ့စည်းခဲ့ကြသည်။ ဂိုဘီတူရီနှင့် စောသိန်းတို့နှစ်ဦးမှလွိုင်ကော်သို့ပြန်ရောက်ပြီးနောက် ဇွန်လ (၂၆) ရက်နေ့စွဲ ဖြင့် ထုတ်ပြန်ခဲ့သော ကြေညာစာတမ်းမှာ အောက်ပါအတိုင်း ဖြစ်သည်
ကြေညာစာတမ်း
တိုင်းသူပြည်သားအပေါင်းတို့။
မြန်မာပြည်ဖြစ် တိုင်းပြုပြည်ပြုလွှတ်တော်တွင် လွတ်လပ်သော မြန်မာပြည်၏ အနာဂတ်အုပ်ချုပ်ရေးစည်းမျဉ်းဆွဲရာ၌ ကရင်နီနယ်များအတွက် မပါနိုင်အဘယ့် ကြောင့်ဆိုသော် မြန်မာပြည်၊ ရှမ်းပြည်တို့သည် ကရင်နီနယ်များကဲ့သို့ အဆင့်အတန်း မတူချေ။ မြန်မာပြည်သည် မလွတ်လပ်သေးပေ။ လွတ်လပ်စွာ အုပ်ချုပ်နိုင်ရန်အတွက် မြန်မာပြည်၏ အနာဂတ်အုပ်ချုပ်ရေးကို ယခုမှသာလျှင် ကရင်ဖြူ၊ ရှမ်း၊ ရခိုင်၊ ဂျင်းဖော စသော ခေါင်းဆောင်ကြီးများနှင့် တိုင်ပင်ဆွေးနွေးလျက် အုပ်ချုပ်ရေးစည်းမျဉ်းကို စတင်ရေးဆွဲလျက်ပင်ရှိပေသည်။ ၎င်းတို့အလိုရှိရေးဆွဲသောအုပ်ချုပ်ရေးစည်းမျဉ်းကို အင်္ဂလိပ် ပါလီမန်လွှတ်တော်တွင် တင်သွင်းရမည်။ ယခုမြန်မာပြည် အနာဂတ်အုပ်ချုပ် ရေးစည်းမျဉ်း ရေးဆွဲသောအဖွဲ့သည် ဘာမျှအာဏာမရှိသေးသည်ကို တိုင်းသူပြည် သားတို့ သိသင့်ပေသည်။ သို့အတွက် ၎င်းတို့အလိုရှိ ရေးဆွဲသော လွတ်လပ်သော မြန်မာနိုင်ငံ လုံးဝအာဏာပိုင် အုပ်ချုပ်ရေးစည်းမျဉ်းသည် လူထုအပေါ်တွင်သာရှိသည်ဟု ဆိုထားသော်လည်း အမှန်စင်စစ် အင်္ဂလိပ်ပါလီမန်၏ သဘောတူညီချက်ရရှိမှ သာလျှင် လုံးဝအာဏာပိုင် လွတ်လပ်သော မြန်မာပြည်အုပ်ချုပ်ရေးကို ရရှိနိုင်လိမ့် မည်။
ကရင်နီနယ်များသည် လုံးဝအာဏာပိုင် အုပ်ချုပ်ရေး ရရှိထားလေပြီ။ ကရင်နီ နယ်များ သဘောမတူဘဲ အင်္ဂလိပ်အစိုးရက ဘာမျှမလုပ်နိုင်ကြောင်းကို (၂၀-၆-၄၇) ရက်နေ့ ရန်ကုန်မြို့ ညနေ (၃) နာရီခွဲအချိန်တွင် ဘုရင်ခံအိမ်တော်၌ တွေ့ဆုံစဉ်အခါ ဘုရင်ခံကိုယ်တိုင် ဝန်ခံလေသည်။ သို့အတွက် ကရင်နီနယ်များသည် လွတ်လပ်ပြီး သော နယ်များဖြစ်သည့်အတွက် မြန်မာပြည် လုံးဝအာဏာပိုင် လွတ်လပ်ရေးအတွက် ရေးဆွဲသည့် စည်းမျဉ်းထဲတွင် မပါဝင်ထိုက်သေးကြောင်း နိုင်ငံရေးနားလည်သူတိုင်း သိသင့်ပေသည်။
မြန်မာပြည်သည် တကယ့်လွတ်လပ်ရေးရပြီးသည့် နောက်မှသာလျှင် နှစ်ပြည့် တပြည်စာချုပ်ကို မဟာမိတ်အနေနှင့် ရေးဆွဲသင့်ပေသည်မြန်မာပြည်သည် လွတ် လပ်ရေးရရှိပြီးသည့်နောက် မည်သည့် အဖွဲ့၊ ပါတီအစိုးရ ဖြစ်မည်ကိုလည်း ကျန်ုပ်တို့ လုံးဝ မသိနိုင်ချေ။ သို့အတွက် မြန်မာပြည်သည် လုံးဝလွတ်လပ်ရေးရရှိပြီးနောက် အစိုးရဖြစ်သည့် အဖွဲ့နှင့် အထက်ဖော်ပြပါအတိုင်း မဟာမိတ်အနေနှင့် စာချုပ်ပြုလုပ် ရမည်ဖြစ်ကြောင်းကို သိရှိနားလည်ရန် ထုတ်ဖော်ရေးသားလိုက်ခြင်း ဖြစ်သည်။
လွယ်ကော်မြို့
၂၆-၆-၄၇
ကရင်နီ-ကိုယ်စားလှယ်
(ပုံ) ဦးဘီတူရယ်၊ စောသိန်း
တိုင်းပြုပြည်ပြုလွှတ်တော်သို့ တက်ရောက်ပြီး ပုဒ်မ ၁၈ဝ (၁)(က) ကို ကန့်ကွက် ရန် စေလွှတ်လိုက်သော ဂိုဘီတူရီနှင့် စောသိန်းတို့နှစ်ဦး တိုင်းပြုပြည်ပြုလွှတ်တော် မတက်ဘဲ၊ ဗြိတိသျှဘုရင်ခံအား သွားရောက်တွေ့ဆုံခဲ့ခြင်းနှင့် ပတ်သက်ပြီး စာရေးသူ မှ စောသိန်းနှင့် ၁၉၉၅ ခုနှစ်အတွင်း လူချင်းတွေ့ဆုံစဉ် မေးမြန်းခဲ့ဖူးသည်စောသိန်းမှ “တိုင်းပြုပြည်ပြုလွှတ်တော်မှာ ဗမာပြည်လွတ်လပ်ရေး ရရှိရေးအတွက် မူကြမ်းပြင် ဆင်ရေးဆွဲနေကြသည့် အဆင့်သာဖြစ်ပြီး အဆိုပါ မူကြမ်းကို ရေးဆွဲပြီးစီးသည့်တိုင် ဗြိတိသျှအစိုးရမှ သဘောတူအတည်မပြုပါက အသက်ဝင်ဦးမည် မဟုတ်ကြောင်း၊ ထိုနောက် ကရင်နီအပေါ် ပြဋ္ဌာန်းထားသည့် စည်းမျဉ်းများကို မိမိမှ လိုက်နာခြင်းမရှိဘဲ နေပါက ဘာဖြစ်မည်နည်းဟု မေးခဲ့ရာ ဘုရင်ခံက သင့်အနေဖြင့် ဤသို့ မလိုက်နာဘဲ နေနိုင်သည့် သတ္တိရှိခြင်းသည် လွတ်လပ်သည့်လူသာ ဖြစ်မည်ဟု ပြောခဲ့ကြောင်း၊ ဤသို့ဖြင့် ကရင်နီပြည်၏ သီးခြားလွတ်လပ်မှုကို ဗြိတိသျှတို့မှ ဆက်လက်အသိအမှတ် ပြုထားကြောင်းကို သိရှိရသဖြင့် တိုင်းပြုပြည်ပြုလွှတ်တော်သို့ မတက်ရောက်ဘဲ ပြန် လာခဲ့ခြင်းဖြစ်ကြောင်း” ပြောပြခဲ့ပါသည်။
စပ်ဝဏ္ဏ
ဦးစိန်
သိုင်းဘဟန်
ဤသို့ ဂိုဘီတူရီနှင့် စောသိန်းတို့မှ အခြေခံဥပဒေပါ ပုဒ်မကို တိုင်းပြုပြည်ပြုလွှတ် တော်သို့ တက်ရောက်ကန့်ကွက်ခဲ့ခြင်း မရှိဘဲ ပြန်လာခဲ့ကြောင်း၊ လွှတ်တော်သို့ တက် ရောက်နေသည့် မိုးဗြဲနယ်ကိုယ်စားလှယ် သိုင်းဘဟန်က လွှတ်တော်မပြီးဆုံးမီတွင်ကရင်နီပြည်သို့ ရောက်ရှိလာကာ ကရင်နီပြည်အား နောင်ဖြစ်ပေါ်လာမည့် ကရင်နယ် အတွင်းသို့ ထည့်သွင်းထားကြောင်းဖြင့် ကြယ်ဖိုးကြီးနယ်မိုဆိုတွင် အစည်းအဝေးထိုင် နေကြသည့် ကရင်နီခေါင်းဆောင်များကိုအသိပေးခဲ့သည်။ သို့ဖြင့် လူထုအစည်းအဝေး 2 တရပ်ကို အဆောတလျင် ခေါ်ယူပြီး ဦးစိန်၊ စဝ်ဝဏ္ဏ၊ အေမြလေးနှင့် စောသန်းတင်တို့ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို ထပ်မံရွေးချယ်၍ ရန်ကုန်သို့ စေလွှတ်ခဲ့သည်။ လွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတွင်း ထည့်သွင်း ဖော်ပြထားသည့် ပုဒ်မ ၁၈ဝ (၁)(က) ပါ အချက်ကို ပယ်ဖျက်ပေးရန် တောင်းဆိုမှု ပြုလုပ်စေခဲ့သည်။
အဆိုပါ ထပ်မံစေလွှတ်လိုက်သော ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ခဲ့ကြသော စဝ်ဝဏ္ဏနှင့် ဦးစိန်တို့နှစ်ဦးမှာ လူထုစည်းဝေးပွဲမှ အများသဘောတူ တရားဝင်လုပ်ပိုင် ခွင့်အာဏာ အပ်နှင်းခြင်း မပါရှိဘဲ၊ ၎င်းတို့၏ ဆန္ဒအလျောက် ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် ဖဆပလဥက္ကဋ္ဌ ဦးနုနှင့် တိတ်တဆိတ် သွားရောက်တွေ့ဆုံခဲ့ကြ သည်တွေ့ဆုံချိန်တွင် ကရင်နီပြည်အား ဗမာပြည်နှင့် ပူးပေါင်းရန် ဆန္ဒရှိကြောင်းနှင့် မိမိတို့နှစ်ဦးအား ကန္ဒာရဝတီနယ်၏ အကြီးအကဲအဖြစ် အသိအမှတ်ပြုပါက ကျန်ရှိ သည့် ကရင်နီနယ်အားလုံးတို့အတွက်လည်း ၎င်းတို့ကိုသာ အကြီးအကဲအဖြစ် အသိ အမှတ်ပြုရစေလိုကြောင်း တောင်းဆိုခဲ့သည်။ နောင်ဖြစ်ပေါ်လာမည့် အရေးကိစ္စများ အတွက် မိမိတို့တာဝန်ယူမည်ဖြစ်ကြောင်းကိုပါ ပြောဆိုခဲ့သည်။ မိမိတို့မှ ဆန္ဒ အလျောက် လာရောက်ပူးပေါင်းခြင်းဖြစ်၍ ရှမ်းပြည်အား ပေးထားခဲ့သည့် ခွဲထွက် ပိုင်ခွင့် အခွင့်အရေးအတိုင်း ကရင်နီကိုလည်း အလားတူ အခွင့်အရေးပေးရန် မေတ္တာ ရပ်ခံခဲ့သည်ထို့အပြင် ကရင်နီပြည်ကို ကာကွယ်ရန်အတွက် လိုအပ်သည့် စစ်ရဲ တပ်ဖွဲ့ခွင့်ပေးရန်နှင့် ထိုသို့ ဖွဲ့စည်းရေးတွင် လိုအပ်မည့် သင်တန်းနည်းပြဆရာများနှင့် စစ်လက်နက်များကို ပံ့ပိုးကူညီရန် တပါတည်းတောင်းဆိုခဲ့သည်
ဤသို့ စဝ်ဝဏ္ဏနှင့် ဦးစိန်တို့က ဝန်ကြီးချုပ်ဦးနုနှင့် တွေ့ဆုံကြရာတွင် ပါဝင်ခဲ့သော နိုင်ငံတော် တရားဝန်ကြီးချုပ် ဦးမြင့်သိန်းက မူရင်းလက်ရေးဖြင့် အောက်ပါအတိုင်း ရေးသားဖော်ပြထားပါသည်။
ဦးမြင့်သိန်း၏ လက်ရေးမူရင်းမှ ဦးစိန်နှင့် စပ်ဝဏ္ဏတို့ ဗမာပြည်နှင့်ပူးပေါင်းရန် ပြောဆိုခဲ့ချက်များ
ကရင်နီနယ် အပါအဝင် တောင်တန်းဒေသအေရေးနှင့် ပတ်သက်၍ ဖဆပလ၏ သေဘာထား
ဗမာပြည်လွတ်လပ်ရေးရရှိရန်အတွက် ဗြိတိသျှအစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် ဖဆပလအဖွဲ့ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလန်သို့ ထွက်ခွာသွား ရန် ပြင်ဆင်ခဲ့သည်။ ဖဆပလသည် တောင်တန်းမြေပြန့်ဒေသရှိ တိုင်းရင်းသားများ၏ အရေးနှင့် ပတ်သက်၍ အောက်ပါသဘောထားများကိုလည်း ချမှတ်ထားခဲ့သည်
ထိုသို့ အင်္ဂလန်နိုင်ငံလန်ဒန်မြို့ သို့ ဗိုလ်ချုပ်အောင်ဆန်းတို့ ဗမာပြည်လွတ်လပ်ရေး အတွက် သွားရောက်မဆွေးနွေးမီ နှစ်ရက်အလို ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက် နေ့တွင် တောင်တန်းဒေသအရေးနှင့် ပတ်သက်၍ ဖဆပလ၏ သဘောထားကို ဖော် ပြထားသည့် ကြေညာချက်ကို ဖဆပလအဖွဲ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာ ချက်တွင် ဖဆပလသည် တောင်တန်းမြေပြန့်ရှိ တိုင်းရင်းသားများနှင့် ချစ်ကြည်ရင်း းစွာ ဆက်ဆံရေးကို တည်ဆောက်သွားမည့်အပြင် ဗြိတိသျှအစိုးရထံ အောက်ပါ အချက်များကို တောင်းဆိုသွားမည်ဟု ဖော်ပြထားသည်
(၁) ဗမာတို့နှင့်အတူ ရှမ်း၊ကချင်နှင့် ချင်းတို့အား လွတ်လပ်ရေးပေးရန်၊ ကင်းဝန်မင်း ကြီးနှင့် ဗြိတိသျှတို့ ချုပ်ဆိုခဲ့ကြသည့် စာချုပ်အတိုင်း ကရင်နီနယ်၏ လွတ်လပ် ရေးကိုလည်း အသိအမှတ်ပြုရန်
(၂) ကြားကာလ တောင်တန်းဒေသများ အုပ်ချုပ်ရေးအတွက် တောင်တန်းဒေသ များမှ ကိုယ်စားလှယ်တဦးကို အတိုင်ပင်ခံအဖြစ် ခန့်ထားရန်နှင့် လိုအပ်လျှင် ဒုတိယအတိုင်ပင်ခံတဦး ခန့်ထားရန်။
(၃) လွတ်လပ်လာမည့် မြန်မာနိုင်ငံအတွက် အခြေခံဥပဒေရေးဆွဲရာတွင် ကရင်နီ အပါအဝင် တောင်တန်းဒေသများအားလုံး ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပါဝင်လာနိုင်ရေးအတွက် အစီအစဉ်များ ထည့်သွင်းထားရန်၊ သို့သော် ထိုသို့ ပါဝင်ရေး၊ မပါဝင်ရေးကို ၎င်း နယ်သူနယ်သားများ၏ ဆန္ဒဖြင့်သာ ဆုံးဖြတ်ရန်တို့ ဖြစ်သည်။
ကရင်နီမှ ကယားသို့ အမည်နာမ ပြောင်းလဲခြင်း
၁၉၄၈ ခုနှစ် မတ်လ (၁၈) ရက်နေ့တွင် လွိုင်ကော်မြို့ ၌ နယ် (၄) နယ်မှ လူထု ကိုယ်စားလှယ် (၃,ဝဝဝ) ကျော် တက်ရောက်သော အစည်းအဝေး တရပ်ပြုလုပ်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၁၈၀ (၁)(က) တွင် ဖော်ပြထားသော “ကရင်နီ” ဟူ သော စာသားအား ပယ်ဖျက်ပေးရန် တောင်းဆိုသွားရေးအတွက် ဆုံးဖြတ်ချက်ချမှတ် ခဲ့ကြသည်။ အကြောင်းမှာ ကရင်နီပြည်သည် ရှေးပဝေသဏီကတည်းက အစဉ်အလာ အရ တသီးတသန့်တည်ရှိလာသည့် သမိုင်းအတိုင်း ကရင်လူမျိုးများနှင့် ဖြစ်စေကော်သူလေးပြည်နယ်နှင့် ဖြစ်စေ အလျဉ်းမပေါင်းနိုင်ကြောင်း ဆုံးဖြတ်ခဲ့ကြပါသည်ကရင်နီဆိုသည်မှာ ကရင်ဖြူများနှင့် ဆင်တူရိုးမှား အဓိပ္ပာယ်ဆောင်သည့်အပြင် အခြားသော လူမျိုးများအကြားတွင်လည်း ထင်ယောင်ထင်မှား ဖြစ်စေသဖြင့် မူလ အမည်စစ်အမည်မှန် ဖြစ်သော “ကယား” သို့ ပြောင်းလဲပေးရန် ၁၉၄၉ ခုနှစ် ဩဂုတ် လ (၁၀) ရက်နေ့တွင် တကြိမ်၊ ၁၉၅၀ ခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် တကြိမ် ဦးစိန်က တိုင်းပြုပြည်ပြုလွှတ်တော်သို့ တင်ပြတောင်းဆိုခဲ့သည်။ နိုင်ငံတော်ဝန်ကြီး ချုပ်ဖြစ်သူ ဦးနုက ဖွဲ့စည်းပုံအခြေခံဥပဒေအား မည်သည့် အရေးကြီးသော အရေးအရာ ကိစ္စမျိုး၌ပင်လျှင် ပြင်ဆင်ရန် လွယ်လင့်တကူ လုပ်ဆောင်ဖို့ မလွယ်ကူပါလူထုများ ၏ ဆန္ဒသဘောထားကို လိုက်လျောသောအားဖြင့် ပြင်ရမည်ဆိုပါလျှင် အခြားသော နည်းလမ်းများရှိက ဖြေရှင်းသွားရန် အကြံပြုခဲ့သည်။
သို့ဖြင့် အဆိုပါ တိုင်းပြုပြည်ပြုလွှတ်တော် (ပါလီမန်) တွင် အဖွဲ့ဝင် (၁၀) ဦးပါ ကရင်နီပြည်နယ် အထူးစုံစမ်းရေးကော်မရှင်တရပ်ကို ဖွဲ့စည်းပြီး လူထု၏ဆန္ဒသဘော ထားအမှန်ကို သိရှိနိုင်ရန်အတွက် စစ်တမ်းကောက်ယူ စေခဲ့သည်။ အဆိုပါ ကော်မရှင် မှ မေးခွန်းလွှာပေါင်း (၁၉,၅၀၀) စောင်ကို ဖြန့်ဝေခဲ့ပြီး၊ အဖြေလွှာပေါင်း (၇,၆၆၅) စောင်ကို ပြန်လည်လက်ခံရရှိခဲ့သည်။ ဖြေကြားလွှာများနှင့် လူတွေ့မေးမြန်းမှုများမှ ရရှိလာသော ရလဒ်များအပေါ် အခြေခံကာ ကရင်နီပြည်အား အများဆန္ဒပြု ခဲ့ကြသည့် “ကယား” အမည်သို့ ၁၉၅၁ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့တွင် နာမကရဏမင်္ဂလာ သဘင် အခမ်းအနား ဆင်ယင်ကျင်းပရင်း တရားဝင်သတ်မှတ် ပြောင်းလဲ ခေါ်ဝေါ်ခဲ့ သည်။ အဆိုပါ နေ့ကို ကယားပြည်နယ်နေ့ (ကယားဒေး) အဖြစ်လည်း နှစ်စဉ်ပွဲတော် ကျင်းပလေ့ရှိသည်။
၁၉၄၉ ခုနှစ် ဩဂုတ်လ (၁၀) ရက်နေ့တွင် တကြိမ်၁၉၅၀ ခုနှစ် ဖေဖော်ဝါရီလ (၉) ရက်နေ့တွင် တကြိမ် တိုင်းပြည်ပြုလွတ်တော် (ပါလီမန်) သို့ “ကရင်နီပြည်” ကို “ကယားပြည်” ဟူသောအမည်သို့ ပြောင်းလဲရန် အဆိုတင်သွင်းမှုရှိခဲ့သဖြင့် အထူး ကော်မရှင်တရပ်ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည့်အပေါ် အောက်ပါကိုယ်စားလှယ်များ ပါဝင်သော “ကရင်နီပြည်နယ် အထူးစုံစမ်းရေး ကော်မရှင်” ကို ဖွဲ့စည်းခဲ့သည်။
အထူးစုံစမ်းရေးကော်မရှင်အဖွဲ့ဝင်များ
ရှေ့တန်းမှထိုင်နေသူများ -
စောနော်တင်ဘွား
ကရင်ရေးရာကောင်စီ (သဘာပတိ)။
ဗိုလ်ခင်မောင်ကလေ
းသစ်တောနှင့်လယ်ယာ ဌာနဝန်ကြီး။
စပ်ခွန်ချို K.S.M., M.A. (Cintab.)
ရှမ်းပြည်နယ်နှင့်နိုင်ငံခြားရေး ဌာနဝန်ကြီး
သတိုးမဟာသရေစည်
ဦးချန်ထွန်း၊ နိုင်ငံတော်ရှေ့နေချုပ်၊
နောက်တန်းမှရပ်နေသူများ -
မဟာသရေစည်သူ ဦးစိန် (ကရင်နီ)
ကရင်နီပြည်နယ်ပါလီမန်အတွင်းဝန်။
ဒူးဝါးဇော်လွန်း၊
ကချင်ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်တော်ဌာနဝန်ကြီး။
ဦးမြင့်ထူး
ပြည်နယ်များဆိုင်ရာ ဥပဒေအကြံပေးအရာရှိ။
ဦးဖိုးလတ်၊
ကရင်နီပြည်နယ် အတွင်းဝန်။
ဦးတင် (မြန်အောင်)နှင့် မဟာသရေစည်သူ ကပ္ပတိန် မန်းတုံးနုံး တို့း ခရီးထွက်နေ၍ ဓါတ်ပုံတွင် မပါကြောင်း။
အခန်း (၂)
ကရင်နီအမျိုးသားခုခံတော်လှန်ရေး စတင်ပေါ်ပေါက်လာခြင်း
၁၉၄၈ ခုနှစ် သြဂုတ်လ (၉) ရက်နေ့နံနက်အရုဏ်ဦးအချိန်တွင် ဖဆပလအစိုးရက ကျောထောက်နောက်ခံပြုထားသည့် ဗမာပူးပေါင်းရေးသမား တစုတို့သည် လွတ်လပ် သော ကရင်နီပြည်ထောင်စုကောင်စီ၏ ဥက္ကဋ္ဌ ဂိုဘီတူရီ ရုံးစိုက်ရာ မြလဲဒေါသို့ စစ် လက်နက်များဖြင့် ဝင်ရောက်လာရာမှ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်အဆိုပါ တိုက်ခိုက် မှုအတွင်း နှစ်ဘက်စလုံးမှ ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်သို့သော် ဥက္ကဋ္ဌ ဂိုဘီတူရီ မှာမူ အဆိုပါ တိုက်ခိုက်မှုအတွင်း နောက်လိုက် အနည်းငယ်နှင့်အတူ ဖရူဆိုအနီးသို့ ထွက်ပြေးလွတ်မြောက်ပြီး ခိုလှုံခဲ့သည်။ ကြယ်ဖိုးကြီးနယ် အကြီးအကဲဖြစ်သူ စောဖျာ စောရွှေထံ အဆက်အသွယ် ပြုခဲ့သည်။ သိုင်းဘဟန်မှ ဂိုဘီတူရီအား ကူညီရှာဖွေပေး ရန် အကူအညီတောင်းခံခဲ့သဖြင့် အချိန် (၅) ရက်ပေးရန် စောဖျာစောရွှေမှ မေတ္တာ ရပ်ခံခဲ့သည်ကို သိုင်းဘဟန်က လက်ခံခဲ့သည်။ ထိုနောက် စောဖျာစောရွှေသည် ဂိုဘီတူရီအား ခေါ်ယူတွေ့ဆုံပြီး ၎င်း၏ လုံခြုံမှုအတွက် လူထုအခြေခံကောင်းမွန်သည့် မော်ချီးအရပ်သို့ တိမ်းရှောင်လျှင် အကောင်းဆုံးဖြစ်မည်ဟု အကြံပြုခဲ့ပြီး မိမိသဘောဆန္ဒအတိုင်းသာ ဆုံးဖြတ်ရန်ပြောခဲ့သည်။ ဂိုဘီတူရီကမူ မိမိ၏အသက်ကို မသတ် ဟုဆိုပါက မည်သူက တရားသည်မတရားသည်ကို ဥပဒေဘောင်အတွင်းက ဖြေရှင်း လိုသည်မိမိတွင် အပြစ်မရှိဟု ယုံကြည်ကြောင်း၊ ၎င်းတို့ ကသာ လက်နက်အားကိုးဖြင့် အချင်းချင်း တိုက်ခိုက်လာခြင်းဖြစ်သဖြင့် လူထုရှေ့မှောက်တွင် အဆုံးအဖြတ်ခံယူ လိုကြောင်း ပြောဆိုခဲ့သည်။
ဂိုဘီတူရီ
သို့ဖြင့် သိုင်းဘဟန်အား အကျိုးအကြောင်းတင်ပြရာ၌ ဂိုဘီတူရီ၏ အသက်ကို မသတ်ဟု ရဲဝံ့စွာ ကတိပေးခဲ့သည်ကို ဂိုဘီတူရီအား အသိပေးခဲ့သည်။ ဂိုဘီတူရီလည်း မိမိအသက်ကို မသတ်ဟုဆိုသည်ကို သဘောတူလက်ခံခဲ့သည်။ သိုင်းဘဟန် ကိုယ် တိုင်လာရောက်သဖြင့် သိုင်းဘဟန်လက်ထဲသို့ အပ်နှံခဲ့သည်။ ထိုနောက် ကြယ်ဖိုး ကြီးနယ်၊အကြီးအကဲ စောဖျာစောရွှေ၊ ကန္ဒာရဝတီ အကြီးအကဲ တေဖျာစောဇီန၊ စောကော်ဘစောလှဦး တို့နှင့်အတူ ကရင်နီအမျိုးသားခုခံတော်လှန်ရေးတပ်ဖွဲ့ကို စတင်ဖွဲ့စည်းပြီး တိုက်ပွဲဆင်နွှဲရန် လိုအပ်လာပြီ ဖြစ်ကြောင်း သဘောတူခဲ့ကြသည်။
ဥက္ကဋ္ဌ စောဖျာစောရွှေ
ဇနီး ကက်သရင်းရွှေ
သို့သော် လွိုင်ကော်အရောက်တွင် ဂိုဘီတူရီမှာ တရားဥပဒေအရ ဖြေရှင်းရန် အခွင့်အလမ်းမရခဲ့ဘဲ ဖမ်းဆီးချုပ်နှောင်ထားခြင်း ခံလိုက်ရသည်။ လွိုင်ကော်ကို စင်ဝဏ္ဏအဖွဲ့မှ ထိန်းချုပ်ထားသကဲ့သို့ မော်ချီးကိုလည်း ဗိုလ်ကြီးတော်ဒီအဖွဲ့မှ သိမ်း ပိုက်ခဲ့သည်။ ဤတင်းမာမှုနှစ်ခုအကြား ကြယ်ဖိုးကြီး နယ်သူနယ်သားများအနေဖြင့် မည်သည့်ဘက်မှ မပါဝင်ဘဲ ကြားနေရန်အလိုရှိသဖြင့် ကတိသစ္စာ ပြုသောအားဖြင့် နွားထီးကြီး တကောင်ကိုသတ်၍ ကယားတို့၏ ဓလေ့ထုံးတမ်းစဉ်လာအတိုင်း ကတိ သစ္စာပြုခဲ့ကြသည်။ စောဖျာစောရွှေလည်း ကြယ်ဖိုးကြီးသို့ ပြောင်းရွှေ့ ရုံးစိုက်ခဲ့သဖြင့် ဤသည်ကို အခွင့်ကောင်းယူကာ သိုင်းဘဟန်က ဖရူဆိုတွင် တပ်လာရောက်ချထား သည့်အပြင် ကြယ်ဖိုးကြီးအထိ ထိုးစစ်ဆင်ခဲ့သည်။ ထိုသို့ စစ်ရေးတိုက်ခိုက်မှုများ ဖြစ်ပေါ်လာခဲ့ပြီး နောက်ပိုင်း များမကြာမီတွင် လွတ်လပ်သော ကရင်နီပြည်ထောင်စု တပ်မတော် (United Karenni States Independent Army-UKSIA) တရပ်ကို ၁၉၄၈ ခုနှစ် ဩဂုတ်လ (၁၇) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်အဆိုပါ တပ်မတော်ကို တာဝန်ယူဦးစီးရန် ထောပလိုတော်ဒီစံဒွေး၊ ကယ်ထူးစကားလိုလယ်ထူးနှင့် ဖိုးနီတို့အား တပ်မှူးများအဖြစ် တာဝန်ခန့်အပ်ကာ တပ်ဖွဲ့များကို ဦးစီးကြပ်မတ်စေခဲ့ သည်။ တိုက်ပွဲများလည်း ဆက်တိုက်ဖြစ်ပွားလာပြီးနောက် ဖရူဆိုမှ ထွေးဘွားညေသို့ တပ်စခန်းရွှေ့ပြောင်းထားရှိရသည်အထိ ဖြစ်ခဲ့သည်။
ဝိုဘီတူရီ သတ်ဖြတ်ခံရခြင်း
ဖဆပလ အစိုးရနှင့် ပူးပေါင်းခဲ့သည့် မိုးဗြဲနယ်မှ သိုင်းဘဟန်၏ ယောက္ခမ ဖြစ်သူ ပီကဝါသည် ထူးချောင်းတွင် ကျန်ရစ်သည့် မိမိ၏ လဲဗီးတပ်ဖွဲ့ဝင်အချို့ကို ကြည့်ရှုရန် အသွားတွင် ထားလဲရွာ၏ တောင်ဘက် အီဟောလဲသို့ ရောက်ချိန်၌ ခြုံခိုတိုက်ခိုက် ခြင်းခံခဲ့ရရာမှ ကျဆုံးသွားခဲ့သည်။ ဤသို့ ပီကဝါ ကျဆုံးခဲ့ရမှုကို အကြောင်းပြုပြီး ဂိုဘီတူရီအား ချုပ်နှောင်ထားသည့် အချုပ်ခန်းကို စောင့်ကြပ်နေသည့် အရက်မူးနေ သော ဗိုလ်ရှဆိုသူက ဂိုဘီတူရီကို အချုပ်ခန်းမှ အပြင်သို့ ဆွဲထုတ်ကာ သိုင်းဘဟန်၏ ယောက္ခမ ကျဆုံးရသည်မှာ သင့်ကြောင့် ဖြစ်သည်။ ကရင်တပ်များကို သင်ခေါ်လာ ခဲ့၍သာ ဤသို့ဖြစ်ရသည်ဟု စွပ်စွဲပြောဆိုသည်ထို့နောက် ဂိုဘီတူရီအား ဂုံနီအိတ် အတွင်း ချည်နှောင်ထည့်သွင်းကာ ဂျစ်ကား၏ နောက်ပြီးမှ ကြိုးဖြင့် တရွတ်တိုက်ဆွဲ၍ လွိုင်ကော်မြို့အား ပတ်မောင်းခဲ့သည်။
ထိုသို့ ပတ်မောင်းအပြီး ဘီလူးချောင်းအား ဖြတ်ဆောက်လုပ်ထားသော သံတံတား (ဂျပန်မှ ဆောက်လုပ်ထားသည်) အရောက်တွင် တံတားပေါ်မှာပင် လှံစွပ်ဖြင့် ဂိုဘီတူရီ အား ထိုးသတ်ပြီး ချောင်းထဲသို့ ပစ်ချသွားခဲ့သည်။ ထိုသို့ ဂိုဘီတူရီအား ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် သတင်းနှင့် ယောက္ခမဖြစ်သူ ကျဆုံးခဲ့ရမှုတို့ကို ကြားသိရပြီးနောက် သိုင်းဘဟန်မှာ များစွာယူကျုံးမရ ဖြစ်ခဲ့သည်။ ထိုအချိန်မှစ၍ သေရည်အရက်ကို စတင်မှီဝဲသောက်စားရင်း အဆိပ်သင့်ခဲ့သည်။ ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ သော်လည်း သက်သာလာခြင်း မရှိဘဲလအနည်းငယ်အတွင်းတွင်ပင် ကွယ်လွန်သွား ခဲ့ရသည်ဟု ထိုအခြေအနေကို သိမြင်ခဲ့သူ လွိုင်ကော်မြို့ နေ ဖူးကယန်း ဆိုသော ကယန်းအမျိုးသား ကြီးတဦး ရေးသားထားသည့် စာအုပ်တွင် ဖော်ပြထားသည်။ ချောင်းအတွင်းသို့ ပစ်ချ ခဲ့သော ဂိုဘီတူရီ၏ ရုပ်အလောင်းကို မည်သူမျှ ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ဟုလည်း ဆိုပါ သည်။
ဂိုဘီတူရီအား သတ်ဖြတ်ခဲ့သည့် အဆိုပါ စက်တင်ဘာလ (၈) ရက်နေ့ကို အစွဲပြု၍ ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ ကရင်နီအမျိုးသားများ၏ အာဇာနည်နေ့အဖြစ် ၁၉၈၄ ခုနှစ်၌ အသိအမှတ်ပြုခဲ့ပြီး နောင်နှစ်များတွင်လည်း စဉ်ဆက်မပြတ် နှစ်စဉ် အာဇာနည်နေ့ကို ကျင်းပလေ့ရှိသည်။
ဝိုဘီတူရီ ပုံနှင့် အသတ်ခံရသည့် လွိုင်ကော်ရှိ ဂျပန်သံတံတား
ဤသို့ ဂိုဘီတူရီသတ်ဖြတ်ခြင်း ခံရပြီးသည့်နောက် ကရင်နီအမျိုးသား ခုခံတော် လှန်ရေးလှုပ်ရှားမှုထဲသို့ ကြယ်ဖိုးကြီးနယ်အကြီးအကဲ စောဖျာစောရွှေမှ ခြေစုံပစ်ဝင် ရောက်၍ ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ဆက်လက် ဦးဆောင်မှုပြုခဲ့သည်။ လွိုင်ကော် မြို့ကို စဝ်ဝဏ္ဏအမှူးပြုသည့် တပ်ဖွဲ့က ဦးနုဦးဆောင်သည့် ပြည်ထောင်စုအစိုးရ၏အကူအညီ ရယူကာ သိမ်းပိုက်ခဲ့သည်။ သို့ဖြင့်ဥက္ကဋ္ဌစောရွှေက ရှမ်းပြည်အရှေ့မြောက် ပိုင်းရှိ လွိုင်မွေတွင် တပ်ချထားသော ကရင်နီ အများစုဖြင့် ဖွဲ့စည်းထားသည့် ယူအမ်ပီ (၁၃) (UMP-13) တပ်ဖွဲ့ကို ပြန်လည်ခေါ်ယူလိုက်သည်။ ဖဆပလအစိုးရနှင့် ပူးပေါင်း ခဲ့သော စပ်ဝဏ္ဏ အမှူးပြုသည့် ကရင်နီပြည်နယ်အစိုးရ၏ လက်တွင်းမှ လွိုင်ကော်မြို့ ကို ပြန်လည်သိမ်းပိုက်ရန်အတွက် ဖြစ်သည်ဗိုလ်လှဝင်းဦးစီးသည့် တပ်ဖွဲ့သည် တုံ့ဆိုင်းမနေဘဲ ကြေးနန်းစာရလျှင်ရချင်း လွိုင်ကော်သို့ ပြန်လည်ဝင်ရောက်ကာ အတိုက်အခိုက်မရှိ မြို့ကို ပြန်လည်ရယူနိုင်ခဲ့သည်။ ထိုသို့ လွိုင်ကော်မြို့ အား ပြန်လည် လက်လွတ်ခဲ့ရသည့် စဝ်ဝဏ္ဏ အစိုးရအဖွဲ့မှာလည်း ရှမ်းပြည်တောင်ပိုင်းရှိ ကလော မြို့ သို့ ကစဉ့်ကလျားကိုယ်လွတ်ရုန်း တိမ်းရှောင်ခဲ့ရပြီး ယာယီရုံးစိုက်ခဲ့ကြရသည်။ လွိုင်မွေမှ လွိုင်ကော်သို့ ပြန်လာရာ လမ်းတလျှောက်တွင် မည်သည့်နေရာတွင် ကြား ဖြတ်တိုက်ခိုက်ခံရမည်ကိုတွေးပြီး ရင်တထိတ်ထိတ်ဖြင့် ပြန်လာခဲ့သည်။ သို့သော် လည်း လွိုင်ကော်မြို့ တွင်းသို့ ရောက်လာခဲ့သည်အထိ မည်သည့်အဟန့်အတားမျှ ရင်ဆိုင်တွေ့ကြုံ ရခြင်းမရှိဘဲ ချောမောစွာပင် ပြန်လည်ရောက်ရှိနိုင်ခဲ့ကြောင်းဗမာ ပြည် လွတ်လပ်ရေးရရှိပြီး (၇) လကြာလာခဲ့သည့်တိုင် ဗမာပြည်လွတ်လပ်ရေးရရှိပြီ ဟု တစွန်းတစမျှသတင်းရခြင်း အလျဉ်းမရှိခဲ့သဖြင့် ယူနီယံဂျက်အလံကို နေ့စဉ်လွှင့် ထူမြဲ လွှင့်ထူခဲ့ကြောင်းဖြင့် အဆိုပါ ယူအမ်ပီတပ်ဖွဲ့တွင် တပ်ဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သူ ဗိုလ်ချုပ်အောင်သန်းလေးက သူမသေဆုံးမီအချိန်တွင် ပြန်ပြောင်းပြောပြခဲ့သည်ကို လည်း အမှတ်ရမိပါသည်။
၁၉၄၈ ခုနှစ် အောက်တိုဘာလ (၃) ရက်နေ့တွင် အစည်းအဝေးတရပ် ခေါ်ယူကာ အုပ်ချုပ်ရေးနှင့် တပ်ဖွဲ့ကို စနစ်တကျပြန်လည်ဖွဲ့စည်းခဲ့သည်။ ကရင်နီ စူပရင်းကောင်စီ (Karenni Supreme Council) ကို ဖွဲ့စည်းကာ ဥက္ကဋ္ဌရာထူးအား စောဖျာစောရွှေကို ယူစေပြီး အတွင်းရေးမှူးတာဝန်ကိုစကောဝေဆိုး (ခ) လှဦးဥက္ကဋ္ဌ၏ကိုယ်ရေးအတွင်း ရေးမှူးအဖြစ် စောဘ (ခ) ကော်ဘကာကွယ်ရေးတာဝန်ခံအဖြစ် စောခဲရေ၊ စစ်ဦးစီး ချုပ်အဖြစ် ဗိုလ်မှူးချုပ် လှဝင်း၊ တပ်ရိက္ခာသိုလှောင်ဖြန့်ဖြူးရေးကို ဆရာဘနီ၊ စစ်ဆင် ရေးမှူးအဖြစ် ဗိုလ်ကြီးထောပလိုနယ် (၄) နယ်မှ အကြီးအကဲများအဖြစ် ကြယ်ဖိုးကြီး နယ်တွင် စောဖျာဦးရယ်၊ ကန္တာရဝတီနယ်တွင် စောဖျာစောဇီနဘောလခဲနယ်တွင် ဝီလဆင် ဘီတူရီ၊ မိုးဗြဲနယ်တွင် ပေါလု စသည်ဖြင့် အသီးသီးတာဝန်အပ်နှင်းခဲ့သည်။ စစ်တပ်အင်အားကိုလည်း တိုးချဲ့ဖွဲ့စည်းသွားရန် ချမှတ်ခဲ့ပြီး နိုဝင်ဘာလဆန်းအတွင်း၌ နယ်အသီးသီးမှ တပ်သားအင်အား (၂,ဝဝဝ) စုဆောင်း ရရှိခဲ့သည်။
၁၉၄၈ ခုနှစ် အောက်တိုဘာလ (၁၂) ရက်နေ့နှင့် နိုဝင်ဘာလအတွင်းတွင် ကရင် အမျိုးသားကာကွယ်ရေးအဖွဲ့ (Karen National Defense Organization-KNDO) မှ တောင်ငူမြို့ ကို သိမ်းပိုက်ရာတွင် ကရင်နီတပ်ဖွဲ့က တပ်ဖွဲ့ဝင်အချို့ကို စစ်ကူအဖြစ် စေလွှတ်အကူအညီပေးခဲ့သည်။ ဤသို့ ကရင်နီတပ်ဖွဲ့ဝင်အများစုက တောင်ငူသို့ ကေအဲန်ဒီအိုအား စစ်ကူသွားရောက်ကြောင်း သိရှိရသည့်အချိန်တွင် ကလောသို့ တိမ်းရှောင်ရုံးစိုက်ခဲ့သည့် ကရင်နီပြည်နယ်အစိုးရသည် ကရင်နီပြည်အား ကာကွယ် ရန်နှင့် လုံခြုံရေး အကြောင်းပြချက်ဖြင့် ဖဆပလအစိုးရထံမှ ချင်းသေနတ်ကိုင်တပ်ရင်း (၂) ၏ အကူအညီကို တောင်းခံခဲ့သည်။ ချင်းသေနတ်ကိုင် တပ်ရင်း (၂) ၏ အကူအညီ ဖြင့်ပင် လွိုင်ကော်မြို့ ကို ပြန်လည်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်စဝ်ဝဏ္ဏ အမှူးပြုသည့် ပြည်နယ်အစိုးရ၏ လက်ထဲသို့ လွိုင်ကော်မြို့ ပြန်လည်ကျရောက်သွားကြောင်း သိရ သည့် တောင်ငူသို့ စစ်ကူအဖြစ်ရောက်ရှိနေသော ကရင်နီတပ်ဖွဲ့များကလည်း ကေအဲန် ဒီအို၏ အကူအညီဖြင့်ပင် လွိုင်ကော်မြို့ ကို ဖဆပလအစိုးရ နောက်ခံပြုထားသည့် ကရင်နီပြည်နယ်အစိုးရ၏ လက်တွင်းမှ တဖန်ပြန်လည်သိမ်းပိုက်ခဲ့ပြန်သည်၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ (၉) ရက်တွင် ဥက္ကဋ္ဌ စောရွှေ၏ ကိုယ်ရံတော်တပ်မှူး စောမော်ရယ် သည် ဖဆပလတပ်၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။ ၁၉၅၃ ခုနှစ် အတွင်း၌ အာမခံချက်ဖြင့် ပြန်လည်လွတ်မြောက်လာပြီး ခုခံတော်လှန်ရေးသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။
၁၉၄၉ ခုနှစ် ဩဂုတ်လအတွင်းတွင် ဗိုလ်နော်ဆိုင်းဦးဆောင်သော ကချင်တပ်ဖွဲ့ သည် ကရင်နီပြည်သို့ ရောက်ရှိလာပြီး ကေအဲန်ဒီအိုကရင်နီတပ်တို့နှင့်အတူ ရှမ်း ပြည်တောင်ပိုင်း တောင်ကြီးမြို့ ထိတိုင်အောင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းတွင် ဥက္ကဋ္ဌစောရွှေသည် ဘန်ကောက်မြို့ သို့ ရောက်ရှိပြီး ကွန်မင်တန်တရုပ်ဖြူ (KMT) တပ်ဖွဲ့၏ စစ်ဦးစီးမှူး ဗိုလ်ချုပ်လီးမီးနှင့် တွေ့ဆုံကာ စစ်ရေးအရ အပြန်အလှန်ကူညီရေး သဘောတူညီမှု ပြုလုပ်ခဲ့သည်။ ထိုသဘောတူညီ မှုအရ ရှမ်းပြည်၊ မိုင်းဆတ်မှတဆင့် တရုတ်ဖြူတပ်ဖွဲ့များသည် ကရင်နီပြည်သို့ ဝင် ရောက်လာပြီး အချို့ မှာ ဖာပွန်အထိ ဆင်းသွားခဲ့သည်၁၉၅၃ ခုနှစ် နိုဝင်ဘာလဆန်း တွင် ဖဆပလအစိုးရက တရုတ်ဖြူရန်ကို ကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြင့် ဗိုလ်မှူးချုပ် ကျော်ဇော (မကြာမီက ကွယ်လွန်သွားခဲ့သူ ဗကပမှ ဗိုလ်ချုပ် ကျော်ဇော) အား တပ်မဟာ (၂) ခုကို ဦးစီးစေလျက် ကရင်နီပြည်အတွင်း စစ်ဆင်ရေးတရပ်ပြုလုပ် စေခဲ့ပြီး မော်ချီးအထိပင် နိုဝင်ဘာလ (၂၂) ရက်နေ့တွင် သိမ်းပိုက်ခဲ့သည်။ ဤသို့ဖြင့် တဖြည်းဖြည်းနှင့် နောက်ပိုင်းတွင် ကရင်နီအမျိုးသားခုခံတော်လှန်ရေးမှာ မြို့ များကို စွန့်ခွာပြီး ကျေးလက်ဒေသများသို့ အခြေပြုကာ ဆက်လက်ဆင်နွဲခဲ့ရသည်။
ဥက္ကဋ္ဌအဖြစ် (၃) လတာ တာဝန်ယူခဲ့သည့် ကက်သရင်းရွှေ
ဥက္ကဋ္ဌ စောရွှေသည် ခုခံတော်လှန်ရေးကို အခက်အခဲများကြားမှ ဦးဆောင်နေရင်း ၁၉၅၆ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ငှက်ဖျားတိုက်ဖွိုက်ရောဂါဖြင့် မော်ချီး တောင်ဘက်ရှိ သာပါခိုးထာစခန်းတွင် ကွယ်လွန်အနိစ္စရောက် ရှိသွားခဲ့သည်။ သူ၏ အလောင်းကို ကွာခီးသို့ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် သယ်ဆောင်သွားခဲ့ပြီး ခုနစ် ရက်တိုင်အောင် ထားရှိပြီးနောက် ဘူးခိုရွာ၊ သင်္ချိုင်းကုန်းတွင် ဖေဖော်ဝါရီလ (၉) ရက် နေ့၌ သင်္ဂြိုဟ်မြှုပ်နှံခဲ့သည်။ ဥက္ကဋ္ဌ စောရွှေ ကွယ်လွန်ပြီးနောက် အမျိုးသားခုခံတော် လှန်ရေးကို ဆက်လက်ဦးဆောင်ရန် ၎င်း၏ ဇနီးဖြစ်သူ ကက်သရင်းရွှေအား မတ်လ တွင် တာဝန်ပေးအပ်ခဲ့သည်။ သို့သော်လည်း မိသားစု၏အခက်အခဲကြောင့် ဟူသော အကြောင်းပြချက်ဖြင့် နောက် (၃) လအကြာ မေလတွင် နှုတ်ထွက်သွားခဲ့သည်။ ထို အချိန်က နိုင်ငံရေးအရ ခေါင်းဆောင်များအကြားတွင် အမြင်မကြည်လင်မှုနှင့် အချင်း ချင်း မယုံကြည်မှုများ အလွန်ကြီးမားခဲ့ကြသကဲ့သို့ ဆက်သွယ်မှုခက်ခဲသောကာလ လည်း ဖြစ်သည့်အလျောက် အပြန်အလှန်နားလည်မှုတည်ဆောက်ရန် လစ်ဟာခဲ့ သည်ဟု ဆိုပါသည်။
ကရင်နီအပျိုးသားတိုးတက်ရေးပါတီ စတင်ဖွဲ့စည်းခြင်း
ဥက္ကဋ္ဌအရိုက်အရာမှ ကက်သရင်းရွှေ နှုတ်ထွက်သွားခဲ့ပြီးနောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးကို ထောပလိုက တာဝန်ယူပြီး ဆက်လက်ဦးဆောင်မှု ပြုခဲ့သည်။ ခုခံတော်လှန်ရေးဆင်နွှဲရာတွင် နိုင်ငံရေးမျှော်မှန်းချက်ထမြောက် အောင်မြင်ရန် အတွက် နိုင်ငံရေးအရ ဦးဆောင်ပဲ့ကိုင်လမ်းညွန်မှုပြုရန် ပါတီတရပ်ဖွဲ့စည်းသင့်သည် ဟူသော အမြင်ဖြင့် နိုင်ငံရေးဆိုင်ရာ မူဝါဒလမ်းစဉ်များကို ထောပလိုက စတင်ရေးဆွဲ ခဲ့သည်။ ထိုနောက် ၁၉၅၇ ခုနှစ် မေလ (၂) ရက်နေ့ တွင် “ကရင်နီအမျိုးသားတိုးတက် ရေးပါတီ” ဟူသော နိုင်ငံရေးပါတီတရပ်ကို စတင်ဖွဲ့စည်းခဲ့သည်အဆိုပါ နှစ်ထဲတွင် ပင် ပါတီဖွဲ့စည်းမှု စနစ်တကျရှိပြီး အင်အားတောင့်တင်းခိုင်မာစေရေးအတွက် အစည်း အဝေးများကို အကြိမ်ကြိမ်ခေါ်ယူကျင်းပ ပြုလုပ်ခဲ့သည်။
ပါတီဥက္ကဋ္ဌအဖြစ် ထောပလိုက တာဝန်ယူပြီး အတွင်းရေးမှူးအဖြစ် ဆယ်မြူရယ် ဘနီနှင့် ဘဏ္ဍာရေးမှူးအဖြစ် စကော်မူဒေး (ခေါ်) ဘီဘမူးတို့က တာဝန်ယူခဲ့ကြသည်။ ဗဟိုကော်မတီဝင်များအဖြစ် စကော်ဂေဆိုး၊ စကော်မီးအီစကော်တာအယ်ဖိုး၊ ကျော်နိုင် (ခေါ်) ဖိုးကျော်ဖိုးမြင့်စကော်ထိုးခို (ခေါ်) ဝိစီပါနှင့် စောလှဦးတို့ ပါဝင်ကြ သည်။ အရန်ဗဟိုကော်မီတီဝင်အဖြစ် ဗိုလ်မှူးခဖိုး ပါဝင်သည်။ ဤကဲ့သို့ ပါတီဖွဲ့စည်း ထူထောင်ပြီးသည့်နောက်ပိုင်း စစ်ရေးအရ ယခင်က ကေအဲန်ယူနှင့် တပ်မဟာ (၁) အဖြစ် ပူးတွဲစစ်ရေးလှုပ်ရှားခဲ့ရာမှ တသီးတခြားခွဲထွက်ပြီး ရပ်တည်လာခဲ့သည်။ သို့သော် စစ်ရေးမဟာမိတ်အဖြစ် ဆက်လက်လက်တွဲဆောင်ရွက်ခဲ့သည်။
အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သော ဆယ်မြူရယ်ဘနီ
ပထမအကြိမ် အမျိုးသားကွန်ဂရက် ကျင်းပခြင်းနှင့် အစိုးရဖွဲ့စည်းခြင်း
ကရင်နီအမျိုးသားတိုးတက်ရေးပါတီအား ထူထောင်ဖွဲ့စည်းပြီးနောက် များမကြာမီ ၁၉၅၇ ခုနှစ် ဇူလိုင်လ (၂၇) ရက်နေ့တွင် ပထမအကြိမ် အမျိုးသားကွန်ဂရက်ကို ခေါ် ယူကျင်းပကာ ထောပလိုအား ဥက္ကဋ္ဌအဖြစ် လည်းကောင်းအမျိုးသားခုခံတော်လှန် ရေး၏ တတိယမြောက်ဥက္ကဋ္ဌ အဖြစ်လည်းကောင်း ဆက်လက်ရွေးချယ်တင်မြှောက် ခဲ့သည်။ ထို့အပြင် ကရင်နီအစိုးရကိုလည်း အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းတာဝန်ပေး အပ်ခဲ့ကြသည် -
ထောပလို - ဥက္ကဋ္ဌ
စောမော်ရယ် - ဒုတိယဥက္ကဋ္ဌကာကွယ်ရေးဌာနတာဝန်ခံ
စကော်မီးအီ - ဒုတိယဥက္ကဋ္ဌပြည်ထဲရေးဌာနတာဝန်ခံ
စကော်မူဒေး (ဘီဘမူး) - ဝန်ကြီးချုပ်
ဆယ်မြူရယ်ဘနီ - ဒုတိယဝန်ကြီးချုပ်
စောဖိုးမြင့် - ဘဏ္ဍာရေးတာဝန်ခံတို့ဖြစ်ကြသည်။
စောလှဦးစကော်တာအယ်ဖိုးစကော်ထိုးခို (ခေါ်) ဝိစီပါလော်ခီးကဲမဲတူး၊ ကျော်နိုင် (ခေါ်) ဖိုးကျော်နှင့် အရန်အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးခဖိုးနှင့် စောအဲနီတို့က အစိုးရအဖွဲ့ဝင်များအဖြစ် ပါဝင်ခဲ့ကြသည်။ ဤကွန်ဂရက်မှ အုပ်ချုပ်ရေးယွန္တရားများနှင့် တပ်ဖွဲ့များ ပြန်လည်ဖွဲ့စည်းရေးလုပ်ငန်းများကို ဆုံးဖြတ်ချမှတ်ပြီး အကောင်အထည် ဖော်လုပ်ဆောင်ခဲ့ကြသည်။
ကရင်နီအပျိုးသားတိုးတက်ရေးပါတီ၏ ကနဦးကာလအတွင်း ခေါင်းဆောင်မှု အတက်အကျနှင့် အကျပ်အတည်း
ဤသို့ အစိုးရဖွဲ့စည်းပြီးသည့်နောက် နှစ်လအကြာတွင် ဥက္ကဋ္ဌ ထောပလိုသည် မမျှော်လင့်ဘဲ စက်တင်ဘာလ (၂၈) ရက်စနေနေ့ည (၉) နာရီ အချိန်၌ ကွာခီးရွာတွင် ၎င်း၏ကိုယ်ရံတော်တပ်သားဖြစ်သူ ဖျရယ်၏ လုပ်ကြံသတ်ဖြတ်မှုကို ခံရပြီး ကျဆုံးသွား ခဲ့ရသည်ဖဆပလ ဦးနုအစိုးရမှ လက်နက်ကိုင်အဖွဲ့အစည်းများ၏ခေါင်းဆောင်များကို ဖမ်းဆီးဝရမ်း ဆုငွေထုတ်ပြန်ထားခြင်းကြောင့် အဆိုပါ ဆုငွေရယူလိုမှုဖြင့် ဖျရယ်မှ လုပ်ကြံခြင်း ဖြစ်ဖွယ်ရှိသည်ဟု ၁၉၅၀ ခုနှစ်အစောပိုင်းတွင် ခုခံတော်လှန်ရေးသို့ စတင်ဝင်ရောက်ပြီး ၂၀၀၁ ခုနှစ်ရောက်တော့မှ ကွယ်လွန်သွားသူ ခုခံတော်လှန်ရေး သမားကြီးတဦးက စာရေးသူအား ပြောပြခဲ့ပါသည်။ ဥက္ကဋ္ဌ ထောပလို ထိုသို့ လုပ်ကြံ သတ်ဖြတ်ခြင်း ခံရပြီးနောက် ၁၉၅၈ ခုနှစ် ဇန်နဝါရီလတွင် စောမော်ရော်အား စတုတ္တ မြောက် ဥက္ကဋ္ဌအဖြစ် တာဝန်ယူစေခဲ့သည်သို့သော် ဥက္ကဋ္ဌအသစ် စောမော်ရော်မှာ နှစ်လအကြာတွင် ဖဆပလအစိုးရထံ လက်နက်ချသွားခဲ့သည်ထိုနောက် ၁၉၅၈ ခုနှစ်နှောင်းပိုင်းတွင် မီးအီအား ပဉ္စမမြောက်ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူစေ သည်။ ဥက္ကဋ္ဌအသစ် မီးအီမှာလည်း ၁၉၅၉ ခု မတ်လတွင် ပြောက်ကျားဖြူ စစ်ဆင်ရေး အတွင်း ကွာခီးရွာတိုက်ပွဲ၌ ကျဆုံးသွားခဲ့ပြန်သည်၁၉၅၉ ခုနှစ် ဒီဇင်ဘာလ ဒုတိယ အပတ်တွင် ဒုတိယမြောက် အမျိုးသားကွန်ဂရက်ကို ခေါ်ယူကျင်းပခဲ့ပြီး ကျော်နိုင် (ခေါ်) ဖိုးကျော်အား ဆဋ္ဌမမြောက် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တာဝန်ပေးအပ်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော အမျိုးသားဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု (မဒညတ) တွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ ဥက္ကဋ္ဌအသစ် ဖိုးကျော်မှာလည်း ၁၉၆၀ ခုနှစ် နှစ်ဦးပိုင်းတွင် မိမိ၏ ကျေးရွာအပြန် လမ်းခရီး၊ လမ်းခုလတ်တွင်ပင် ဖဆပလအစိုးရတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြန်သည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီစတင်ဖွဲ့စည်းစဉ်ကာလမှစပြီး ဤသို့ အချိန် တိုကာလအတွင်းတွင် ခေါင်းဆောင်များ တယောက်ပြီးတယောက် ကျဆုံးသွားခြင်း သို့မဟုတ် ရန်သူ၏ ဖမ်းဆီးခံရခြင်းများကြောင့် ဦးဆောင်ဦးရွက်ပြုမည့် ခေါင်းဆောင်မှုပိုင်းတွင် အားနည်းခဲ့သည့်တိုင် ခုခံတော်လှန်ရေးကို စဉ်ဆက်မပြတ်သွားစေရန် အတွက် စောမော်ရယ်၊ ဗိုလ်ချုပ် အောင်သန်းလေးနှင့် ဗိုလ်မှူး ခဖိုး တို့မှ ခေါင်းဆောင်မှ တာဝန်များကို ဆက်လက်ပြီး ပူးတွဲတာဝန်ယူထိန်း ကျောင်းခဲ့ကြသည်။ ထိုသို့ ခေါင်း ဆောင်မှု လစ်ဟာခဲ့ခြင်းကြောင့် ၎င်းအားတာဝန်ယူရန် အကြိမ်ကြိမ်တွန်းအားပေးမှ ရှိခဲ့ကြောင်းသို့သော် ခေါင်းဆောင်များအကြား နားလည်မှု အားနည်းနေခြင်းအပြန် အလှန်စွပ်စွဲမှုများ ရှိနေခြင်းနှင့် သတ်ဖြတ်ခံရခြင်းများ ဖြစ်ပေါ်နေမှုကြောင့် ခေါင်း ဆောင်မှုကို ရယူရန် မဝံ့မရဲဖြစ်ခဲ့သဖြင့် မိမိအနေဖြင့် ငြင်းဆန်ခဲ့ကြောင်းသို့ဖြင့် မိမိတို့ (၃) ဦးမှ တော်လှန်ရေးကို စဉ်ဆက်မပြတ်ရလေအောင် အတူတကွ လက်တွဲပြီး ခေါင်း ဆောင်မှုပြုသွားရန် သဘောတူခဲ့ကြကြောင်း ကွယ်လွန်သူ ဥက္ကဋ္ဌ စောမော်ရယ်က စာရေးသူအား ပြန်လည်ပြောပြခဲ့သည်။
ထိုအချိန်ကာလများ၌ ခုခံတော်လှန်ရေး၏ အခြေအနေမှာ ခေါင်းဆောင်မှုတွင် သာ အကျပ်အတည်းရှိနေသည်သာ မဟုတ်ဘဲ ငွေကြေးကိစ္စများတွင်လည်း အခက် အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့်အချိန် ဖြစ်သည်။
ရဲဘော်သုံးဖော်အဖြစ် ခေါ်ဆိုခြင်း ခံရသည့် စောမော်ရယ်၊ အောင်သန်းလေးနှင့် ခဖိုး
to be continue to page 58